အပိုင်း(၈)

3.2K 261 20
                                    

Episode 8

Anong က ဆေးရုံအုပ်ရုံးခန်းကနေ ထွက်ထွက်လာချင်းပဲ အရင်နဲ့မတူဘဲ အားလုံးက ဝိုင်းအာရုံစိုက်ခြင်းကို ခံနေရသည်။ ဂျူတီကုတ်လေးထဲလက်ထည့်ပြီး စမတ်ကျကျ လမ်းလျှောက်နေစဉ် လက်မောင်းကို သူငယ်ချင်းဖြစ်သူ Pearl က ဆွဲလာသဖြင့် Anong တအံ့တဩ ကြည့်နေမိသည်။

"Anong~~နင် ဟိုသတင်းတွေ့ပီးပီလား"

"ဘာကိုတုန်း~~~"

"ငါထင်တယ်!!!! နင်မတွေ့ရသေးဘူးဆိုတာ~~လာ ငါ့နောက်လိုက်ခဲ့~~ချင်းမိုင် Channel တစ်ခုကနေ ၅မိနစ်တစ်ခါလွှင့်နေတာ ဆက်တိုက်ပဲ~~~"

ပြောရင်း လက်မောင်းကနေ ဆွဲခေါ်သွားသောကြောင့်
Anong က စက်ရုပ်ကလေးလိုသာ ပါလာခဲ့ရသည်။

Reception ရှေ့က TV ဖန်သားပြင်ပေါ်ကို ကြည့်ရန်Pearl က မေ့ငေါ့ပြသည်မို့ Anong က လာလက်စ သတင်းတစ်ခုကို တစ်ဝက်ကနေ ဖြတ်ကြည့်ရသည်။

"မင်္ဂလာကိစ္စကရော~~ဘယ်လိုစီစဉ်ထားကြလဲ~~
Khun Arthit ခြေထောက်ပြန်သက်သာလာမှလား"

Kong က ဝှီးချဲပေါ်မှာ ထိုင်နေတဲ့ Arthit ပခုံးလေးပေါ်လက်လေးများတင်ကာ အင်တာဗျူးတွေကို စိတ်ရှည်
စွာဖြေနေသည်။Anong သည် ပါးစပ်လေးအဟောင်းသားပွင့်သွားမိသည်ကိုပင် သတိမရ။ထို့ပြင် ဖန်သားပြင်နားကို ခြေလှမ်းလေးများ နီးသထက်နီးအောင် တိုးကပ်
လိုက်မိသည်။ဝှီးချဲလေးပေါ်မှာမရွှင်မပြထိုင်နေသောသားလေး ။ ဘာတွေဖြစ်ပျက်နေသည်လဲ သူမနားမလည်နိုင်တော့။ ဘာမင်္ဂလာကိစ္စတွေလဲ။ ဟိုကောင်လေးကရော ဘယ်ကလဲ။ မနေ့ကမနက်ကလေးတင် သားကို အိပ်ရာထဲမှာ တွေ့ခဲ့ရသေးသည်။အခု သားက ဝေလီဝေလင်း ချင်းမိုင်ကို ဘယ်လိုရောက်သွားသည်လဲ။
ခြေထောက်က ကျောက်ပတ်တီးကရော ဘာကြောင့် စည်းထားရတာလဲ။ အံ့ဩဘနန်းဖြစ်ရင်းသာ အကြောင်းစုံကို
သိရရန် နားစိုက်နားထောင်နေမိသည်။

"မဟုတ်ပါဘူး~~~သူကောင်းကောင်းမကောင်းကောင်းကျွန်တော်ကတော့ ဒီရက်ပိုင်းထဲပဲ မင်္ဂလာရက်သတ်မှတ်မှာပါ~~"

မီဒီယာသမားတွေက Kong အဖြေကို ခေါင်းငြိမ့်ကြပေမယ့် Arthit ရဲ့ တည်ငြိမ်အေးဆေးလှ၍အပြုံးအရယ်မရှိသော မျက်နှာထားကြောင့် အသံဖမ်း
စက်လေးများကို Kong ထံမှ Arthit ဆီရွှေ့လိုက် ကြသည်။

သူ့ခေတ်ရဲ့ယဉ်ကျေးမှု(The culture of Kong's era)Where stories live. Discover now