Unicode ver.12

521 53 1
                                    

Episode 12

အချိန်ကာလ ရွေ့လျားတိုက်စားမှုကြောင့် အရာအားလုံး
ဟာလဲ တဖြည်းဖြည်းပြောင်းလဲလာခဲ့ပြီဖြစ်သည်။Arthit
၏ ခြေထောက်ဒဏ်ရာလဲ အကောင်းပကတိနီးပါးပြန်
ဖြစ်လာပြီ။Kong ကတော့ ညတိုင်းနီးပါး ကလပ်သွားခြင်း
က ခုထိမရပ်သေး။Arthit အနေနဲ့လဲ ဒီကိစ္စကိုပါ ထည့်သွင်းပြုပြင်ပေးဖို့ စဉ်းစားမိသည်။Kong နဲ့ Arthit
တို့ရဲ့ စစ်အေးတိုက်ပွဲဟာလဲ အခါအခွင့်သင့်သလို ထဖြစိ
နေကြဆဲမို့ အချိန်ကာလ ရွေ့လျားလို့ ပြောင်းလဲသွား
သော မူဝါဒတစ်ချို့ထဲ သင့်မြတ်ခြင်းမပါဝင်။ကိုကန့်လန့်
Kong ကလဲ အနိုင်ယူမြဲဖြစ်သလို Arthit ကလဲ မာနကို
မထိခိုကမလာသရွေ့ အရှုံးပေးထားရစမြဲသာ။

Kong က ပြတင်းပေါက် ခန်းစီးစကို လက်နဲ့ လိမ်ကျစ်ကာ ဆော့နေစဉ် ဖုန်း ringtone သံကြောင့် ကုတင်ပေါ် အပြေးလေးတက်သွားလိုက်သည်။

"ဟယ်လို!!!!"

"ဟေ့ကောင် ဒီည Mook တို့နဲ့ဆုံနေကျ club ကို ဒိုးကြမယ်ကွာ~~~"

သူငယ်ချင်းဖြစ်သူ Frame အပြောကို Kong က မျက်လုံး
လေးဝေ့စဉ်းစားနေမိသည်။Mook နဲ့အခုတလော မဆုံဖြစ်
သည်မို့ Mook က Frame ကနေတစ်ဆင့် ဒီလိုပြောခိုင်း
သည်ဆိုတာ သူသိနေသည်။

"OK လေ ငါညကျ လာခဲ့မယ်!!!~~"

Kong ရဲ့ဖုန်းပြောခြင်း ပြီးဆုံးသွားတဲ့အခါ Arthit က
ကျူးလစ်ပန်းစိုက်ပျိုးနည်း စာအုပ်လေးကို ပိတ်ကာ
စကားလှည့်ပြောလိုက်သည်။

"မင်း ဒီညလဲ အပြင်ထွက်ဦးမလို့လား~~"

"ဟုတ်တယ်လေ!!!"

Arthit က စားပွဲခုံကနေ ထရပ်ကာ သူ့ဘေးကနေ ~~

"မင်း ၁ပတ်ကို ၅ရက်လောက် အပြင်ထွက်နေတယ်~~
ပြီးတော့ မိုးလင်းခါနီးမှ ပြန်လာတယ်~~မနက်ဆို ၂နာရီ
လောက်မှ ထတယ်~~ဒါ မင်းလူလွတ်တုန်းက လုပ်ခဲ့
တယ်ဆိုရင်တောင် အခု မငိးဆင်ခြင်သင့်နေပြီ~~"

Kong က ကျစ်ခနဲ စုတ်သပ်လိုက်ရင်း~~

"ပြောချင်တာ ဘာလဲ"

"မင်း ဒီည ကလပ်ကို မသွားရဘူး~~နောက်နေ့တွေမှာ
လဲ မသွားရတော့ဘူး~~"

သူ့ခေတ်ရဲ့ယဉ်ကျေးမှု(The culture of Kong's era)Where stories live. Discover now