Part : 1 ☕

9K 446 7
                                    

ဖုန်းကိုငုံ့ကြည့်ရင်း ‌‌လမ်းလျှောက်လာသောကောင်လေးတစ်ယောက်။

" ဒီနေ့တော့ အလုပ်တစ်ခုခုတွေ့ရင်ကောင်းမယ် "
တစ်ယောက်တည်းညီးတွားလိုက်ရင်း ဂျီမင်းတစ်လမ်း၀င်တစ်လမ်းထွက်လျှောက်လာသည်။

နာရီကိုကြည့်မိတော့ 5:15
ညနေ 3နာရီသင်တန်းပြီးကတည်းက
" အချိန်ပိုင်းအလုပ်သမား အလိုရှိသည် " ဟူသော ဆိုင်တိုင်းကို တစ်ဆိုင်၀င်တစ်ဆိုင်ထွက် သူသွားနေခဲ့တာ အခုဆို 2 နာရီကျော်..ဒီနေ့နဲ့ဆို 2ရက်မြောက်နေ့။

မနေ့က သူ့သင်တန်းအနီးတဝိုက်က အချိန်ပိုင်းအလုပ်ခေါ်စာများကို Internet ကရှာပြီးသွားလျှောက်ခဲ့သည်။

အဆင်‌မပြေပါ။ တော်တော်များများ လူရသွားကြပြီ။ မရသေးတဲ့နေရာကျတော့လည်း အလုပ်ချိန်ကမကိုက်။

ဒီနှစ်မှာ ဂျီမင်း တက္ကသိုလ်၀င်ခွင့်စာမေးပွဲဖြေရန်ပြင်ဆင်နေသည်။ ထို့ကြောင့် သင်တန်းပြီးတဲ့အချိန်မှသူအလုပ်လုပ်နိုင်မည်။

အမေတစ်ခုသားတစ်ခုမို့ သူ့ဘ၀က နွမ်းပါးသည် ဟုမဆိုနိုင်သော်လည်း မပြည့်စုံပါ။ ထို့ကြောင့် ဂျီမင်းအမေ့ကိုပဲ အားမကိုးချင်တော့။ သူ့အသုံးစရိတ်အတွက်သူငွေရှာလိုသည်။

ဖုန်းကိုကြည့်ရင်းလျှောက်လာရင်းက လမ်းကြားတစ်ခုသို့ချိုး၀င်လိုက်သည်။

" ဒီရပ်ကွက်မှာ ဒီလိုနေရာလည်းရှိတာလား? "
လမ်းကြားလေးကကျဉ်းသည်။ သို့သော် သန့်ရှင်းသပ်ရပ်သည်။ ဘေးဘက်နံရံများတွင် ရေးဆွဲလက်စ ပန်းချီများရှိသည်။ ဂျီမင်းလည်း စူးစမ်းလိုစိတ်ဖြင့် လမ်းအဆုံးထိ၀င်သွားကြည့်သည်။

" လူနေအိမ် တိုက်ခန်းအချို့၊ လုံးချင်းအိမ်အချို့‌၊ ထို့နောက် အစွန်ဆုံးတွင် နှစ်ထပ်တိုက်တစ်ခု..အောက်ထပ်မှာ ကော်ဖီဆိုင် "

ကော်ဖီဆိုင်အ၀င်ပေါက်တွင် မှင်အစိမ်းဖြင့် ရေးထားသော " အချိန်ပိုင်းအလုပ်သမားတစ်ဦးအလိုရှိသည် " ဟူသောစာတမ်း။ ဆိုင်မှာဆိုင်းဘုတ်မရှိ၊ နာမည်မရှိ။

ဂျီမင်းလည်း နောက်ဆုံးမျှော်လင့်ချက်ပဲဟုတွေးကာ ဆိုင်လေးဆီသို့ဦးတည်လိုက်သည်။

My Sweetest CaffeineWhere stories live. Discover now