Part : 36 ☕

1.4K 173 5
                                    

မနက်ဖြန်ပြန်တော့မည်ဖြစ်၍ လာနှုတ်ဆက်သောဂျွန်းနှင့် ဆိုင်ရှေ့မှာစကားခဏပြောပြီးနောက် ယွန်းဂီဆိုင်ထဲပြန်ဝင်လာသည်။ 

အပြင်မှာထဲက သူတို့ကိုဂျီမင်းကြည့်ကြည့်နေတာ သတိထားမိသည်။ အခုဆိုင်ထဲရောက်တော့လည်း ဂျီမင်းကတစ်ခုခုပြောစရာရှိနေသလိုပင်။

ဂျီမင်းကစပ်စပ်စုစုတွေမလုပ်တတ်ဘဲ အေးဆေးတဲ့ကောင်လေးဖြစ်ကြောင်း ယွန်းဂီသိသည်။ ထို့ကြောင့် သူကပဲစကားစပေးလိုက်သည်။

" ဂျီမင်း..အစ်ကို့ကို တစ်ခုခုပြောချင်တာရှိလို့လား "

" ကျနော်တစ်ခု‌မေးချင်လို့ပါ  စည်းကျော်သလိုဖြစ်ရင်တောင်းပန်ပါတယ်..ခုနကလူက တကယ်ပဲ အစ်ကိုယွန်းဂီရဲ့ချစ်သူလား "

တစ်ခုခုကိုသိပြီးအတည်ပြုချင်သလိုမေးလိုက်သောဂျီမင်းကြောင့် ယွန်းဂီအံ့ဩသွားမိသည်။

" ဂျီမင်းကဘာတွေကြားထားလို့လဲ "

" ဟို.. "

ဂျီမင်းဖြေရခက်နေပုံပေါက်တာကြောင့် ယွန်းဂီကပဲဆက်ပြောလိုက်သည်။

" အရင်တုန်းကတော့ဟုတ်တယ်..အခုတော့ရိုးရိုးမိတ်ဆွေတွေပါပဲ..သူမနက်ဖြန်ပြန်တော့မှာမို့လို့လာနှုတ်ဆက်တာ "

" ဗျာ "

ဂျီမင်းရဲ့ပုံစံမှာ တော်တော်ကိုနားလည်ရခက်နေသောကြောင့် ယွန်းဂီသိပ်စိတ်မရှည်တော့ပါ။

" ဂျီမင်း..ဘာတွေဖြစ်နေတာလဲ "

" ခဏလေး ခဏလေးနော် "

ဂျီမင်းကနောက်ဖေးကိုပြေးဝင်သွားပြီးနောက် တိတ်ခွေတစ်ခွေကိုကိုင်ကာပြန်ထွက်လာသည်။

ဘယ်လိုမှမဖျက်ဆီးရက်သောကြောင့် သူ့အိတ်ထဲမှာပဲသောင်တင်နေသောတိတ်ခွေလေးကို ဂျီမင်း ပိုင်ရှင်ဆီပို့ပေးချိန်တန်ပြီဖြစ်သည်။

" ဒါလေးက ထယ်ထယ်အစ်ကိုယွန်းဂီအတွက် လုပ်ပေးထားတဲ့တိတ်ခွေလေးပါ..အမှန်တော့ ထယ်ထယ်ကအစ်ကိုယွန်းဂီ Gallery သွားတဲ့နေ့ကပေးဖို့ရည်ရွယ်ခဲ့တာပါ..ဆက်ဆက်နားထောင်ကြည့်လိုက်ပါ "

" ..ပြီးတော့ ကိုကြီးဂျင်ပြန်ရောက်တဲ့နေ့က အိမ်မှာထယ်ထယ်မူးလဲသွားတယ်..အဲ့ဒါကြောင့် ဆိုင်ဘက်ကိုမလာနိုင်ခဲ့တာပါ "

My Sweetest CaffeineWhere stories live. Discover now