Part : 19 ☕

1.7K 215 0
                                    

" ကုကု ဘယ်လိုလဲ "

" အင်းဖြေနိုင်တယ်..ခင်ဗျားရော "

" အင်း "

" ရေး...ပြီးပြီကွ "

သူတို့မျက်လုံးချင်းဆုံပြီး ပြိုင်တူအော်ရင်းရီလိုက်ကြသည်။

" ဂျီမင်း ဘယ်သွားကြမလဲ..လျှောက်လည်ကြမလား "

" ထယ်ထယ်တို့ဆီသွားမယ်လေ "

" ဟင်..ခင်ဗျားကလည်း "

" ခင်ဗျားကမလည်းနဲ့ ခရီးသွားဖို့တိုင်ပင်ရမယ်လေကုကုရာ "

" ဟုတ်သားပဲ "

" လာ သွားမယ် "

ဂျီမင်းက ဂျောင်ကုပခုံးကိုဖက်၍ လမ်းလျှောက်သွားသည်။

ဂျောင်ကုဖွင့်ပြောပြီးကတည်း ဂျီမင်းက အရင်အတိုင်းပုံမှန်ပြန်ဖြစ်သွားသည်။ သူ့ကိုရှက်နေတာမျိုးလည်းမရှိတော့။ သူ့အ‌ပေါ်ခံစားချက်အရိပ်အယောင်လေးတောင်မတွေ့ရ။ ဒီတော့လည်း ဂျောင်ကုစိတ်ပူရပြန်သည်။

လမ်းကြားလေးကိုရောက်တော့ ဂျီမင်းကိုမသိမသာငေးမိ‌တော့လည်း ဂျီမင်းက ခြေလှမ်းကိုခပ်မြန်မြန်သာလျှောက်သွားသည်။

#...☕...#

" ဆိုင်လည်းအကြာကြီးပိတ်လို့မရ‌‌တော့ ၂ညအိပ်၃ရက် သွားကြမယ် "

" အစ်ကိုယွန်းဂီပန်းချီပစ္စည်းတွေယူခဲ့နော်..အဲ့မှာရှူခင်းသိပ်လှတယ် "

" ကုကု ငါ့ကင်မရာယူမယ်မလား "

" ဂျီမင်း အသီးစာရင်းတွေလုပ်ခဲ့နော် "

" မနက်ဖြန်ညဆုံကြမယ် "

ကင်မ်ထယ့်က ဒီခရီးစဉ်အတွက် အကုန်လုံးကို အကွက်ကျကျစီစဉ်ထားသည်။

အစ်ကိုယွန်းဂီအပေါ်ထပ်ခဏတက်သွားတုန်း ဂျီမင်းတို့ကိုလည်း အပူကပ်ရ‌သေးသည်။

" ငါနဲ့ ငါ့ရေခဲမင်းသားလေးကို ကူညီနော် ဂျီမင်း "

" အေးပါကွာ "

" ဘာတွေလဲ "
ဂျောင်ကုကနားမလည်လို့၀င်မေးလိုက်သည်။

My Sweetest CaffeineWhere stories live. Discover now