Part : 37 ☕

1.5K 180 5
                                    

🎶 I'm wondering are you my best friend ~ Feel's like a river's rushing through my mind 🎶

🎶 I wanna ask you if this is all just in my head ~ My heart is pounding tonight 🎶

🎶 I wonder...If you..are too good to be true? 
And would it be alright if I pulled you closer... 🎶

ယွန်းဂီ ကတ်ဆတ်ကိုယူကာအခန်းထဲတွင် ဂျီမင်းပေးခဲ့သောတိတ်ခွေလေးကိုဖွင့်လိုက်တော့ ကင်မ်ထယ့်ရဲ့ နက်နက်ရှိုင်းရှိုင်း အသံဩဩဖြင့်ဆိုထားသော Sweet Night ‌သီချင်းသံလေးက သာယာစွာထွက်ပေါ်လာသည်။

အသံလေးကြားလိုက်ရတော့ယွန်းဂီ ကင်မ်ထယ့်ကိုပိုပြီးသတိရသွားသည်။ သီချင်းစာသားလေးတွေကြောင့်လည်း ယွန်းဂီရင်ခုန်သလိုလိုဖြစ်သွားမိသည်။ သီချင်းဆုံးတော့ ကတ်ဆက်ကိုပိတ်မည်အလုပ်တွင် ကင်မ်ထယ့်စကားပြောသံကိုကြားလိုက်ရသည်။

" အဟမ်း အဟမ်း အာညော အစ်ကိုယွန်းဂီ ကျနော်ကင်ထယ်ပါ " 

" ဟီး..ဒီလိုမျိုးတစ်ယောက်ထဲစကားပြောရတာ အူကြောင်‌ကြောင်နိုင်ပေမယ့် အခုချိန်ကစပြီး ထယ်ပြောမှာကို‌အလေးအနက်နားထောင်ပေးပါ "

" ဇာတ်လမ်းလေးတစ်ပုဒ်ကိုပြောပြမယ် "

" တစ်ခါက ကောင်လေးတစ်ယောက်က သာမန်လိုပဲ အိပ်ရေးမဝတဲ့နေ့လေးတစ်နေ့မှာ သာမန်နဲ့မတူဘဲ သူ့ရင်ခုန်သံတွေကိုလှုပ်နိုးခဲ့တဲ့ အဖြူရောင်လူသားလေးတစ်ယောက်ကိုတွေ့ခဲ့တယ်တဲ့ "

" အဲ့လူသားလေးမျက်လုံးတွေကဆွေးဆွေးလေး..သောက်လေ့ရှိတဲ့ကော်ဖီကလည်းခါးခါးလေး "

" အေးတိအေးစက်အသံလေးရဲ့နောက်မှာ နွေးထွေးလွန်းတဲ့နှလုံးသားငယ်လေးတစ်ခုရှိတယ် "

" ရင့်ကျက်လွန်းတဲ့အတွေးအခေါ်လေးတွေနောက်မှာ ကလေးငယ်လိုအပြုအမူလေးတွေလည်းရှိတယ် "

" ပြီးတော့သူ့မှာနာကျင်စရာအတိတ်တစ်ချို့ရှိခဲ့တယ်..အဲ့အတိတ်တွေကိုထွေးပိုက်ပြီးရှင်သန်ရဲတဲ့သတ္တိလည်းရှိတယ် "

" ဒါပေမယ့်အဲ့လူသားလေးက အဓိပ္ပါယ်လေးနက်တဲ့စာအုပ်ထူထူတွေကိုသာနားလည်ပြီး သူ့ကိုနေ့တိုင်းအရိပ်တကြည့်ကြည့်နဲ့ချစ်နေရတဲ့ကောင်လေးရဲ့နှလုံးသားကိုတော့ အကဲမခတ်တတ်ရှာဘူးတဲ့ "

My Sweetest CaffeineWhere stories live. Discover now