Part : 46 ☕

1.4K 150 0
                                    

" ယောဘို ယောဘို တံခါးခဏဖွင့်ဦး "

" သဲငယ်ကလည်း ဒီမှာရေချိုးတော့မလို့ "

" လုပ်ပါ အရေးပေါ်ဖြစ်နေလို့ "

‌ရေချိုးဖို့ထသွားသော ဂျီမင်းနောက်ကိုလိုက်လိုက်ကာ ဂျောင်ကုဉာဏ်များနေခြင်းဖြစ်သည်။

ဂျီမင်းတံခါးဖွင့်ပေးလိုက်သောအခါ ရင်အုပ်ကြွက်သားတွေနဲ့ ဝံ့ကြွားနေသောကောင်လေးက စပ်ဖြဲဖြဲလုပ်ကာ၀င်လာသည်။ သူ့အပိုင်ယောကျာ်းပင်ဖြစ်သော်လည်း အခုချိန်ထိ ဂျောင်ကုကိုရှင်းရှင်းလင်းလင်းကြီးမြင်လိုက်ရရင် ဂျီမင်း ရှက်သွေးဖြာမိဆဲဖြစ်သည်။

" ရေတူတူချိုးချင်လို့ အရေးပေါ်အခြေအနေဖြစ်နေပြီ "

ဂျောင်ကုက သူ့ယောကျာ်းသေးသေးလေးကို ရင်ခွင်ထဲမြုပ်အောင်ဖက်ထားရင်းပြောလိုက်သည်။

" သဲငယ်တော်ပြီကွာ..ငါမရတော့ဘူး..မင်းတစ်ညလုံးလဲမညှာမတာ "

" တကယ်ရေပဲချိုးမှာပါ ယောဘိုကလည်း "

ဂျောင်ကုကမျက်လုံးဝိုင်းဝိုင်းလေး‌တွေ‌နဲ့ တောင်းတောင်းပန်ပန်ပြောနေသည်မှာ တကယ့်ကို အပြစ်ကင်းစင်တဲ့ယုန်သူငယ်လေးပမာပင်။

" ကတိနော် "

" အင်း..ကတိ "

" ပြီးရော..အဲ့ဒါဆိုဖက်ထားတာလွှတ်ဦး "

" ခေါင်းလျှော်ပေးနော် ယောဘို နော် "

ဂျီမင်းနဲ့လက်ထပ်ပြီးကတည်းက ဂျောင်ကုတို့အချွဲပိုကာ လက်သည်းညှပ်တာအစ အ၀တ်အစားဝတ်တာ ခေါင်းလျှော်တာအဆုံး ဂျီမင်းမပါလျှင်မပြီးတော့ပါ။

" ဟုတ်ပါပြီ..ဒါပေမယ့်အရမ်းကြာလို့မရဘူးနော် ဒီနေ့အစ်ကိုယွန်းဂီဆီသွားမယ်ဆို "

" ဟုတ်ကဲ့ ယောဘို "

ကြာလို့မရသောကောင်လေးနှစ်ယောက်က ရေချိုးခန်းထဲတွင် ဆပ်ပြာအမြုပ်များဖြင့်ဆော့လိုက် သီချင်းတွေအော်ဆိုလိုက်ဖြင့် ပျော်စရာကမ္ဘာငယ်လေးတစ်ခုဖန်တီးနေကြပါတော့သည်။

#...☕...#

" အစ်ကိုယွန်းဂီ "

" ဂျီမင်းတို့ မလာတာတောင်ကြာပြီ "

My Sweetest CaffeineWhere stories live. Discover now