Part : 23 ☕

1.6K 208 0
                                    

ဘောင်းဘီပွပွဝတ်ပြီး ခမောက်များဆောင်းကာ စတော်ဘယ်ရီစိုက်ခင်းထဲတွင် အလုပ်ရှုပ်နေ‌သောကောင်လေး ၄ ယောက်။

" ထယ်..ခြေထောက်ကရရဲ့လား "

" ကောင်းသွားပြီ မနာတော့ဘူး "

" ထယ်ထယ် လေးလေးဟိုဆော့ကို ငါတို့ဆိုင်ကိစ္စပြောရဦးမယ် "

" အေးကွာ ငါပြောထားတယ်..လေးလေးကရူးချင်ယောင်ဆောင်ပြီး ငါတို့ကိုတမင်ခိုင်းနေတာဂျီမင်းရေ "

" ဂျီမင်း..ဒါလေးချိုတယ်စားကြည့် "

" ငါ့အတွက်ရော ငကုကောင် "

" ကိုယ့်ဘာကိုယ်ရှာစား "
ကင်မ်ထယ် မျက်လုံးဖြင့်ကျိန်ဆဲလိုက်သည်။

" ကလေးတွေ ထမင်းစားနားကြမယ်ဟေ့ "

လေးလေးဟိုဆော့က ရိုးရာကြက်ပေါင်းဟင်းကိုဖွယ်ဖွယ်ရာရာချက်ပေးထားသည်။ အလုပ်လုပ်ထားတာကြောင့် ဆာဆာဖြင့် သူတို့မြိန်ရေရှက်ရေစားကောင်းနေကြသည်။

" လေးလေး အလုပ်ချည်းပဲလုပ်ခိုင်းမနေနဲ့..ဆိုင်အတွက် အသီးတွေလိုချင်တာ လုပ်ပေးဦး "

" မပူပါနဲ့ ငထယ်ကောင်ရယ်..ငါအကုန်အဆင်ပြေအောင်လုပ်ပေးမယ် "

" ငါကမင်းတို့ကို ကျေးလက်အရသာလေး ခံစားစေချင်လို့ပါ "

" ဟီးဟီး အခုခံစားပြီးပြီဆိုတော့ မနက်ဖြန် ထယ်တို့လျှောက်လည်လို့ရမလား "

" ဟေ "

" လုပ်ပါ..လေးလေးလိုက်ပို့စရာမလိုဘူး ဆိုင်ကယ်ပဲစီစဉ်ပေး "

" ကုကု မင်းမောင်းမယ်မလား "

" အင်း ရတယ် "

" ဒါဆိုနှစ်စီးဆိုရပြီ..မနက်ဖြန်မနက် ကျနော်တို့တည်းတဲ့ဆီပို့ပေးထားနော် "

" အော် ဇွတ်ပါလားငထယ်ကောင်ရယ်..ငါခိုင်းတာနည်းနည်း မင်းပြန်ခိုင်းတာများများ "

" ဟီးဟီး "

#...☕...#

ထမင်းစားနားပြီးကတည်းက ဂျီမင်းမျက်နှာမကောင်းပေ။ အခုတည်းခိုခန်းကိုပြန်ရောက်တော့လည်း ချွေးစေးများပြန်နေလေသည်။

My Sweetest CaffeineWhere stories live. Discover now