Part : 29 ☕

1.5K 190 4
                                    

" ဖွင့်ပြောတော့မယ် ဟုတ်လား "

" အင်း..ကိုကြီးပြန်မရောက်ခင်မြန်မြန်ပြောပြီး ကိုကြီးကိုတစ်ခါထဲအသိပေးပြီး အတိအလင်းတွဲပစ်တော့မှာ "

" စိတ်ကူးတွေကအကြီးကြီးပါလား ထယ်ထယ်...အစ်ကိုယွန်းဂီဘက်ကရောဘယ်လိုလဲ "

" အစ်ကိုယွန်းဂီမျက်လုံးတွေကိုငါသိတယ်..သေချာတာတော့ငါ့ကိုလုံးဝမမုန်းဘူး..ကံကောင်းရင်ချစ်ရင်တောင်ချစ်နေမှာ..မချစ်သေးရင်လည်း ချစ်လာတော့မှာကွာ "

" ကင်မ်ထယ်တို့က အပိုင်ပဲဟေ့ "

ကင်ထယ်က ဂျီမင်းကိုသူ့အစီအစဉ်များအကြောင်း တခမ်းတနားပြောပြနေသည်။ ဖွင့်ပြောဖို့အတွက် အစ်ကိုယွန်းဂီ Gallery သွားရမယ့်နေ့ကို သူသေချာစုံစမ်းကာရွေးထားသည်။ ညဘက်အစ်ကိုယွန်းဂီပြန်ရောက်လာတဲ့အခါ ဆိုင်ခန်းကို မီးအမှောင်ချထားပြီး လိ‌မ္မော်ရောင်မီးမှိန်မှိန်လေးတွေသာထွန်းထားမည်။ ပြီးရင် သူကိုယ်တိုင်ဆိုထားတဲ့ Sweet Night သီချင်းလေးကို ကတ်ဆတ်ကနေတစ်ဆင့်ဖွင့်ထားပြီး သီချင်းဆုံးတာနဲ့ သူ့ခံစားချက်တွေကို ဝန်ခံထားတဲ့ အသံဖိုင်ပါတစ်ခါတည်းဆက်ထည့်ထားမည်။ အားလုံးပြီးသွားတဲ့အခါ လူကိုယ်တိုင်ထွက်လာပြီး သူဖွင့်ပြောမည်ဖြစ်သည်။

" ထယ်ထယ်..တကယ်သေချာပြီလား "

ဂျီမင်းအလေးအနက်မေးကြည့်တော့ ကင်မ်ထယ်က တည်ကြည်စွာဖြင့်အဖြေပြန်ပေးခဲ့သည်။

" ငါဘဝမှာ ဒီလောက်ထိတစ်ခါမှမသေချာဖူးဘူး ဂျီမင်း "

ငယ်စဉ်ကတည်းက လိုချင်တာမှန်သမျှပိုင်ဆိုင်ခဲ့သောကင်မ်ထယ့်ကို ဂျီမင်း ဒီတစ်ခါလည်း တကယ်ပိုင်ဆိုင်စေချင်ပါသည်။

#...☕...#

" ယောဘို..လွမ်းနေတာ..."

လမ်းထိပ်မှာစောင့်နေသော ဂျောင်ကုကဂျီမင်းကိုတွေ့တာနဲ့ချွဲတော့သည်။

" နာဒူ..သဲငယ်ကိုလွမ်းနေတာ "

" ဘယ်လို ဘယ်လို..ဘယ်လိုခေါ်လိုက်တာ "

" ဘာလဲ မကြိုက်ဘူးလား " 

" အား..မကြိုက်ဘဲနေပါ့မလား ချိုအေးလွန်းလို့ နားထဲမှာ ရေခဲမုန့်လေးပျော်ဝင်သွားသလိုပဲ "

My Sweetest CaffeineOnde as histórias ganham vida. Descobre agora