Part : 5 ☕

2.5K 316 8
                                    

ဒီနေ့သူရောက်တော့ ဆိုင်မှာဧည့်သည်နည်းနည်းများနေသည်။

အစ်ကိုယွန်းဂီက တိုးတိုးတိတ်တိတ်အလုပ်ရှုပ်နေသောကြောင့် ဂျီမင်းလည်းအလိုက်တသိဘေးကနေ၀င်ကူနေလိုက်သည်။

ဧည့်သည်တွေကုန်သွားချိန် ယွန်းဂီ အပေါ်ထပ်သို့တက်သွားသည်။

" ဒီနေ့ အစ်ကိုယွန်းဂီ အရင်ထက်အေးစက်နေပါလား "

ဂျီမင်းလည်း မစပ်စုတတ်သောကြောင့် ကိုယ်လုပ်စရာရှိတာကိုယ်ဆက်လုပ်နေလိုက်သည်။

ခဏကြာတော့

" ဂျီမင်းရေ ဖျော်နည်းတွေသင်ပေးမယ် "

ဘယ်အချိန်ထဲက နောက်မှာရောက်နေမှန်းမသိသောအသံကြောင့် ဂျီမင်းအနည်းငယ်တုန်သွားသည်။

" ဟုတ် အစ်ကိုယွန်းဂီ "

ကောင်တာဘေးကစင်တွင်တင်ထားသောကော်ဖီဖျော်စက်အရှေ့တွင်နှစ်ယောက်သားရပ်လိုက်ကြသည်။

အစ်ကိုယွန်းဂီက ခပ်ယဲ့ယဲ့စာအုပ်လေးကိုလှန်လိုက်သည်။

" ဒါအဖိုးရဲ့စာအုပ်..ဒီမှာ သူ့ဖျော်နည်းတွေအစုံရှိတယ်..မင်းစိတ်၀င်စားရင်ကူထားပေါ့ "

" မိုက်လိုက်တာ..ကျနော်စိတ်၀င်စားတယ်အစ်ကို "

ယွန်းဂီက အခေါ်အဝေါ်တွေတစ်ခုခြင်းရှင်းပြရင်းသင်ပေးနေသည်။

" ကဲ..ကိုယ့်ဘာကိုယ်လုပ်ကြည့်တော့မလား "

" စမ်းကြည့်မယ်နော် "

ဖုန်းထဲကမှတ်စုကိုကြည့်လိုက်..စာအုပ်ကိုကြည့်လိုက်ဖြင့် ဂျီမင်းစမ်းသပ်‌ဖျော်ကြည့်နေသည်။

" အစ်ကိုယွန်းဂီ ဒီနေရာမှာ ဘယ်နှခွက်လို့ရေးထားတာလဲ "

" အား "

အဖိုးစာအုပ်ကိုပြိုင်တူငုံ့ကြည့်မိရင်းမှ ဂျီမင်းနဲ့ယွန်းဂီတို့ခေါင်းခြင်းစောင့်မိကြသည်။

ဂျီမင်းအသံထွက်အောင်ရီလိုက်မိပြီး ယွန်းဂီလည်းပြုံးလိုက်သည်။

" အဖိုးလက်ရေးက ဖတ်ရခက်တယ် " ဟုပြောကာ ဘာရယ်မဟုတ် ဆိုင်၀င်ပေါက်သို့ ယွန်းဂီကြည့်လိုက်မိသည်။

My Sweetest CaffeineWhere stories live. Discover now