Part : 26 ☕

1.6K 203 3
                                    

" ဂျီမင်း ကောင်းသွားပြီလား "

" ဟုတ်အစ်ကိုယွန်းဂီ "

" ညက ကုကုက မင်းအ‌စောကြီးအိပ်ပျော်နေပြီလို့ စာပို့ထားလို့ငါတို့လာမကြည့်တော့တာ "

ထယ်ထယ့်စကားကြောင့် ဂျီမင်းကုကုကို မျက်စောင်းထိုးကြည့်မိတော့ အကြံပိုင်လှသော ကုကုက စပ်ဖြဲဖြဲရီပြနေသည်။

" ကဲ ငထယ်ကောင်နဲ့သူငယ်ချင်းတို့ လေးလေးဟိုဆော့ကို သတိရရင်လာလည်ကြနော် "

" ဟုတ်ကဲ့ လေးလေး..ဆိုင်အတွက် ကူညီပေးတာကျေးဇူးတင်ပါတယ် "

" အေး‌ အေး ဂျီမင်း ကျန်းမာရေးဂရုစိုက်‌..ဒါနဲ့ ငထယ်ကောင်ငြိမ်နေပါ့လား ပြန်ခါနီးဘာတွေအကြံထုတ်နေပြန်တာလဲ "

" မဟုတ်ပါဘူး လေးလေးကလည်း..ကျနော်ဒီနားခဏလမ်းလျှောက်ထွက်လိုက်ဦးမယ် "

ကင်မ်ထယ့်ရင်ထဲတွင် မနေ့က၀မ်းနည်းစိတ်ကအရှိန်မပျယ်‌သေးပါ။ ဘယ်ကိစ္စကိုမဆို စိတ်ထဲကြာကြာမထားတတ်သော်လည်း အစ်ကိုယွန်းဂီနှင့်ပတ်သက်ပြီး သူဒီလိုထိခိုက်လွယ်နေပြီဖြစ်သည်။

အစ်ကိုယွန်းဂီအတွက်သူကအရေးပါတဲ့သူတစ်ယောက်ဖြစ်ချင်သည်။ အစ်ကိုယွန်းဂီနှင့်ပတ်သက်သမျှ အကုန်သူသိချင်သည်။

" ထယ် "

တိတ်တိတ်လေးအနောက်ကလိုက်လာသော ယွန်းဂီကလှမ်းခေါ်လိုက်သည်။

" ထယ် ဘာဖြစ်လို့လဲ "

" ဘာမှမဖြစ်ပါဘူး "

" ဖြစ်ပါတယ်..မနေ့က ကိုယ်တစ်ခုခုအမှားလုပ်မိတာရှိလို့လား "

" မရှိပါဘူး..ထယ့်ဘာသာစိတ်မကောင်းလို့ "

" ဘာကိုလဲ ထယ် "

" အစ်ကိုယွန်းဂီအတွက်ထယ်က ကိုကြီးရဲ့ညီသာမဟုတ်ရင် ဘာအဓိပ္ပါယ်မှမရှိဘူးလားဟင် "

ဒီမေးခွန်းမှာယွန်းဂီကိုယ်တိုင်အဖြေရှာချင်နေသောမေးခွန်းဖြစ်သည်။ ‌

မနေ့ညကတည်းက ထယ်ငြိမ်နေတော့ အလိုက်ကန်းဆိုးမသိတတ်သူမှာ ဘယ်လိုလုပ်ပေးရမှန်းမသိ၊ ဘာပြောရမှန်းမသိဖြင့် တစ်ညလုံးကောင်းကောင်းအိပ်လို့မပျော်ခဲ့ပါ။ ဒါဟာ အစ်ကိုဂျင်ရဲ့ညီလေးမို့လို့ဆိုသောအကြောင်းပြချက်တစ်ခုနဲ့တင်မလုံလောက်တော့ပါ။

My Sweetest CaffeineWhere stories live. Discover now