Part : 38 ☕

1.4K 178 2
                                    

မနေ့ညထဲကငြိမ်နေသော ပေါင်မုန့်လုံးလေးက မနက်စာစားရင်းနဲ့လည်း ငေးငိုင်နေပြန်သည်။

" ယောဘို "

" ကုကု..ငါဝင်ပါမိတာမှားသွားလားမသိဘူးနော်..ထယ်ထယ်စိတ်ဆိုးသွားမယ်ထင်တယ် "

အခုချိန်ထိဒီကိစ္စကိုမတင်မကျဖြစ်နေတဲ့ ဂျီမင်းကို ထိုင်နေတဲ့နောက်ကျောဘက်ကနေ ‌ဂျောင်ကုဖက်ထားလိုက်သည်။

" မဆိုးပါဘူး အခုလောက်ဆို သူတို့ကအဆင်ပြေရင်တောင်ပြေနေလောက်ပြီ "

" ဟုတ်ပါ့မလား "

" ဟုတ်ပါတယ်ဆို..ကဲ သူများအကြောင်းတွေပဲတွေးနေတော့မှာလား..သဘက်ခါ ကျနော်တို့အောင်စာရင်းထွက်တော့မယ်နော် "

" အာာ..ဟုတ်သားပဲ..သဲငယ်ရေကြောက်တယ် "

ဂျီမင်းကသူ့ဘက်ကိုလှည့်ကာ ငိုမဲ့မဲ့မျက်နှာလေးဖြင့်ပြောလိုက်သည်။

" ဘာလို့အဲ့လောက်တောင်ချစ်ဖို့ကောင်းရတာလဲ "

" ဒီမှာအတည်ပြောနေတာကွာ "

" ကြောက်ရင်နမ်းပါဦး "

" လုပ်ပြီ "

" လုပ်မှာပဲ "

ဂျောင်ကုက စားပွဲပေါ်ကပေါင်မုန့်အစစ်ကိုလျစ်လျူရှုကာ သူ့ပေါင်မုန့်လုံးလေးရဲ့နှုတ်ခမ်းတွေကိုသာ တဝကြီးအရသာခံနေပါတော့သည်။

#...☕...#

မနေ့ညက ကင်မ်ထယ်နှင့်ယွန်းဂီတို့ အနမ်းတွေအများကြီးဖလှယ်ပြီးနောက် စကားတွေလည်းအများကြီးပြောဖြစ်ကာ နားလည်မှုရခဲ့ကြသည်။ ထို့နောက် ညနက်မှအိပ်ပျော်သွားရသောကြောင့် ကင်မ်ထယ်နောက်ကျမှနိုးလာလေသည်။ 

နိုးနိုးခြင်းမှာ ထူပိန်းပိန်းဖြစ်နေသောနှုတ်ခမ်းတို့ကို သဘောကျစွာဖြင့် ကင်မ်ထယ်အိပ်ယာထဲမှာ လူးလှိမ့်နေလိုက်‌သေးသည်။

အောက်ဆင်းသွားတဲ့အခါ ဆိုင်မှာ ဧည့်သည်နည်းနည်းရှိနေသော်လည်း အဖြူရောင်လူသားလေးက ကောင်တာမှာရှိမ‌နေပါ။

ကင်မ်ထယ်စတိုခန်းထဲဝင်ကြည့်လိုက်တော့ စာရင်းစာရွက်နဲ့ ပစ္စည်းစစ်နေသော ယွန်းဂီကိုတွေ့လိုက်ရသည်။ 

My Sweetest CaffeineWhere stories live. Discover now