Part : 3 ☕

3K 329 0
                                    

သင်တန်းချိန်ပြီးသည်နှင့် ဂျီမင်း ဘယ်အချိန်ပျောက်သွားမှန်းမသိလိုက်။

သူ့ကိုမပြောဘဲ ဒီလိုလစ်ထွက်နေတာ ဒီနေ့နဲ့ဆို သုံးရက်မြောက်နေ့မို့ ဂျောင်‌‌ကု စိတ်မကြည်တော့။

ဂျောင်ကုကမျက်မှန်သမားမို့ အရှေ့တန်းမှာထိုင်ဖြစ်တာများသည်။

ဂျီမင်းက စာမေးခံမှာကြောက်သည်ဟုအကြောင်းပြကာ အခုရက်ပိုင်းအနောက်တန်းတွေပဲရွေးထိုင်သည်။

ဂျီမင်းနှင့်ဂျောင်ကုမှာ တစ်ရပ်ကွက်တည်းနေကြသည်။ ဂျောင်ကုက မိတဆိုးသားလေးဖြစ်ပြီး အဖေနှင့်အဖွားတို့ဖြင့်နေသည်။

မပြည့်စုံတဲ့ မိသားစုအချင်းချင်းဖြစ်တာကြောင့် သူတို့မိသားစုနှစ်စုက ရိုင်းပင်းကြသည်။

သူတို့အခုအတန်းတူတူတက်နေသော်လည်း အမှန်မှာ ဂျီမင်းကဂျောင်ကုထက် တစ်နှစ်ကြီးသည်။

မနှစ်ကစာမေးပွဲဖြေခါနီးမှ ဂျီမင်းအပြင်းဖျားသောကြောင့် ကျောင်းတစ်နှစ်နားလိုက်ရသည်။

ထိုအခါ ဂျောင်ကုမှာ ဂျီမင်းအတွက် စိတ်မကောင်းဖြစ်ရရင်းကပင် အတန်းတူတော့မှာမို့လို့ ကြိတ်ပြီး၀မ်းသာရသေးသည်။

သူ့ထက်တစ်နှစ်ပဲကြီးသော်လည်း ဂျီမင်းကတော့အခုထိ သူ့ကိုကလေးလို့မြင်နေသည်။ သူကသာ.....

#...☕...#

အလုပ်ပထမဆုံးနေ့မှာ နောက်မကျချင်သဖြင့် ဂျီမင်းခပ်သွက်သွက်လျှောက်လာသည်။

သင်တန်းက‌နေအလုပ်ကို 5မိနစ်လောက်လမ်းလျှောက်ရင်ရောက်သည်။

ဂျီမင်းလမ်းကြားထဲကိုရောက်သောအခါ ဖုန်းကိုထောင်ကြည့်ပြီး ဆံပင်ကိုသပ်သပ်ရပ်ရပ်ဖြစ်အောင်လုပ်လိုက်သည်။

ဘာပဲဖြစ်ဖြစ် သူ့ဘ၀တွင် ပထမဆုံးအလုပ်ဖြစ်တာကြောင့် ဂျီမင်းအကောင်းဆုံးဖြစ်ချင်သည်။

ဆိုင်ထဲကိုရောက်တော့ ယွန်းဂီက ကောင်တာမှာထိုင်ရင်း စာအုပ်ဖတ်နေသည်။ ဆိုင်ထဲတွင် ဧည့်သည်သုံးယောက်လည်းရှိနေသည်။

My Sweetest CaffeineWhere stories live. Discover now