Part : 10 ☕

2.2K 264 0
                                    

" ကိုကြီး ထယ်ပြန်ရောက်ပါပြီ "

" အော်..ထယ် ဒီနေ့စောစောစီးစီးပါလား " 

" ဟုတ်တယ်ကိုကြီး "

ကင်မ်ထယ်အပေါ်ထပ်ကိုမတက်သေးဘဲ ကိုကြီးနားမှာရစ်သီရစ်သီလုပ်နေလိုက်သည်။ 

" ထယ် ကိုကြီးကိုပြောစရာရှိလို့လား " 

" အဲ..ဟို "

အစ်ကိုယွန်းဂီအကြောင်းကိုမေးသင့်မမေးသင့် ကင်မ်ထယ်စဉ်းစားနေရသည်။ အစမရှိအဆုံးမရှိမေးကြည့်ဖို့အတွက် အခက်တွေ့နေသည်။ 

" ဘာမှမဟုတ်ပါဘူး..ထယ့်အစ်ကိုကြီးက တစ်နေ့တစ်ခြားပိုပြီးချောချောလာလို့ ဘာဆေးတွေများစားနေလည်းလို့ " 

" ဟား ဟား ဟား..ကိုကြီးကဘယ်တုန်းကရောမချောလို့လဲ "

သူ့ကိုပြန်နောက်လိုက်သည့် ကိုကြီးကိုကြည့်ပြီးငယ်ငယ်တုန်းကပုံစံကို ကင်မ်ထယ်ပြန်မြင်ယောင်မိသည်။ ကိုကြီးအရင်က အခုလို အလုပ်တွေဖြင့်သာ အလေးအနက်နေတတ်သူမဟုတ်။ ပေါ့ပေါ့ပါးပါးနှင့်ပျော်တတ်သူဖြစ်သည်။ သူ့ကိုတာဝန်ယူစောက်ရှောက်ဖို့အတွက်နဲ့ အရာရာကို ပြောင်းလဲပစ်ခဲ့သော ကိုကြီးကို ကင်မ်ထယ်သနားမိသည်။

ဒါတွေအားလုံးက ဖေကြီးကြောင့်ပဲ။

" ထယ်ရေ ဘာတွေငေးနေတာလဲ..ကိုကြီးပြောနေတာကြားရဲ့လား "

" ဗျာ! Sry ကိုကြီး ဘာပြောလိုက်တာလဲ "

" မနက်ဖြန် ကိုကြီးတို့ Gallery ကိုတိုးချဲ့ဖွင့်လှစ်ပွဲရှိတယ်။ အဲ့တာ ထယ်လိုက်ချင်သေးလားလို့ "

" ပန်းချီဆရာတွေရောပါမှာလားဟင် "

ပုံမှန်ဆိုတန်းငြင်းမိမယ်ဆိုပေမယ့် အစ်ကိုယွန်းဂီနှင့်တွေ့ရမလားဟုတွေးကာ ကင်မ်ထယ်မေးကြည့်လိုက်သည်။

" အင်း..ပါတယ်..ထယ်မလိုက်ချင်လည်းရတယ်နော်.."

" ဟင့်အင်း ထယ်လိုက်မယ်ကိုကြီး "

#...☕...#

နီညိုရောင်ကောဇောများနှင့် ခမ်းနားနေသည့်အဖြူရောင်အခန်းထဲသို့ ကင်မ်ထယ် ၀င်လိုက်သည်။

My Sweetest CaffeineWhere stories live. Discover now