Part : 6 ☕

2.5K 296 6
                                    

အစ်ကိုယွန်းဂီကြည့်နေတဲ့နေရာကိုလှမ်းကြည့်မိတော့ ဂျီမင်းဆံပင်များပင်ထောင်သွားသည်။

" ဘုရားရေ..ကုကု "

ငယ်ငယ်ထဲက သူ့စိတ်ခံစားချက်တွေကို ဝိုင်းစက်မျက်လုံး‌လေးများဖြင့်သာ ဖော်ပြတတ်တဲ့ ကုကု။

ဒီတစ်ခါတော့ ‌စိတ်တိုနေ‌တဲ့မျက်လုံးပြူးပြူးလေးမှန်း ဂျီမင်းအ‌ဝေးကပင်သိလိုက်ပါပြီ။

" ဂျီမင်း အသိလား၊ ခေါ်လိုက်လေ " အစ်ကိုယွန်းဂီက ၀တ်ကျေတမ်းကျေပြောလိုက်သည်။

ထိုအချိန်မှာပဲ ကုကုက တံခါးကိုတွန်း၍၀င်လာသည်။

" ကုကု ဘယ်လိုလုပ်ရောက်လာတာလဲ "

" သေလိုက်ပါတော့။ ဟိုလူရှေ့မှာလာပြီး ကုကု တဲ့ " ဂျောင်ကုစိတ်ထဲမှကျိန်ဆဲမိသည်။

ဂျောင်ကုတို့အိမ်ကိုလာလည်တိုင်း အဖွားခေါ်နေကျ ကုကုဆိုတဲ့နာမည်ကို ဂျီမင်းကစနောက်ခါလိုက်ခေါ်ရင်းက အခုချိန်ထိ ကုကု လို့သာခေါ်တော့သည်။

နှစ်ယောက်ထဲရှိတဲ့အချိန်ခေါ်ရင် အသည်းယားလှပေမယ့် လူအများကြားဆိုရင်တော့ လူကြီးဖြစ်ချင်နေသူ ပေါက်စက လုံး၀မကြိုက်ပေ။

" ဒီနားကဖြတ်သွားရင်း ခင်ဗျားကိုတွေ့လို့ " ဂျောင်ကုရုပ်တည်နဲ့ပင်လိမ်လိုက်သည်။

" အတော်ပဲ..ဒါငါအလုပ်လုပ်တဲ့ဆိုင်လေ "

" မိတ်ဆက်ပေးရဦးမယ်..ဒါက ငါ့အလုပ်ရှင် အစ်ကိုယွန်းဂီ "

" အစ်ကို ဒါကကျနော့်ညီလေး ကုကု အဲ..ဂျောင်ကုပါ "

" ဘယ်သူကခင်ဗျားညီလေးလဲ " ဂျစ်ကန်ကန်လေးက ချက်ချင်း၀င်ပက်သည်။

" ကျနော်က ဂျီမင်းရဲ့အုပ်ထိန်းသူ "

အစ်ကိုယွန်းဂီကိုတည့်တည့်ကြည့်ပြီးပြောလိုက်သဖြင့် ဂျီမင်းအားနာသွားသည်။

အစ်ကိုယွန်းဂီက ဘာကိုမှသိပ်အာရုံမထားဟန်ဖြင့်

" ဟုတ်ကဲ့ "

" ဂျီမင်း အစ်ကိုအပေါ်မှာရှိမယ် " ပြောပြီးတာနဲ့ လှေကားပေါ်သို့ တက်သွားသည်။

My Sweetest CaffeineWhere stories live. Discover now