Part : 17 ☕

1.8K 243 9
                                    

အိမ်ရှေ့မှာရပ်စောင့်နေတဲ့ကုကု။

ဒီနေ့နဲ့ဆို ဂျီမင်းကုကုကိုပတ်ပြေးနေတာ တစ်ပတ်ခန့်ရှိပြီဖြစ်သည်။ သူရှောင်နေမှန်းသိတာကြောင့်ကုကုကလည်း အလိုက်တသိ‌ရှောင်နေပေးခဲ့သည်။

ကုကုကိုမြင်လိုက်တာနဲ့ ဂျီမင်းရင်ထဲမှာတလှပ်လှပ်ဖြစ်လာပြီး ထွက်ပဲပြေးချင်သလို ထိုင်ပဲငိုချင်သလိုတွေဖြစ်လာသည်။

" ကျနော် ကျနော် တောင်းပန်ပါတယ်..ခင်‌ဗျားကို ဒီလိုအလန့်တကြားဖြစ်‌စေဖို့မရည်ရွယ်ပါဘူး "

" ကျနော်အရမ်းနောင်တရတယ် "

ပြောရင်းနှင့်မျက်ရည်တွေပြည့်လျှံတက်လာသူမှာ သူ့နှုတ်ခမ်းတွေကိုသိမ်းပိုက်ခဲ့တဲ့ယုန်ဆိုးလေးမဟုတ်သလိုပင်။

" ကျနော့်ကိုမမုန်းပါနဲ့နော်..မရှောင်ပါနဲ့နော်..ခင်ဗျားမကြိုက်ရင် ကျနော်လက်ဖျားနဲ့တောင်မထိတော့ပါဘူး..ကျနော့်ကိုမခေါ်ဘဲတော့မနေလိုက်ပါနဲ့နော် ကျနော်မခံစားနိုင်လို့ပါ "

‌ကုကုက‌ ကလေး‌လေးတစ်ယောက်လိုပင် အော်ငိုရင်းတတွတ်တွတ်ပြောနေရှာသည်။

" အေးပါ ကုကုရယ်..မငိုနဲ့တော့နော် "

ဂျီမင်းလည်းမ‌နေနိုင်‌တော့တာကြောင့်အသာအယာဖက်ပြီးချော့လိုက်တော့မှ ကုကုကသူ့ကိုဖက်ကာပိုငိုလေတော့သည်။

" ကျနော်ခင်ဗျားကိုချစ်လို့ပါ..ခင်ဗျားကိုအရမ်းချစ်လို့ပါ..ကျနော့်ကိုမမုန်းပါနဲ့နော် "

" အေးပါ အေးပါ ကုကုရယ် လိမ္မာတယ် တိတ်တော့နော်..ဒီလောက်ငိုနေတာခေါင်းတွေကိုက်ကုန်မယ် "

သူပဲအတင်းနမ်း ပြီးတော့ ရည်းစားစကားကိုငိုပြီးပြောကာ အနမ်းခံရတဲ့သူ၊ အပြောခံရတဲ့သူကပြန်ချော့ရအောင်လုပ်နိုင်သူမှာ ဒီကမ္ဘာတွင် ဒီဂျစ်တူးတစ်ကောင်ပဲရှိမည်ထင်သည်။

ဂျောင်ကုငိုလို့ဝသွားချိန် နှစ်ယောက်သားခပ်အန်းအန်းဖြစ်ကာ ဘာမှမပြောနိုင်ဖြစ်နေသည်။ ခဏအကြာ ခေါင်းကြီးငုံ့ထားသော ကုကုဆီမှ အသံထွက်လာသည်။

" ဂျီမင်း "

" ကျနော်ခုနကငိုပြီးပြောလိုက်တာပေမယ့် ခံစားချက်တွေကတော့ အစစ်အမှန်ပါ "

My Sweetest CaffeineWhere stories live. Discover now