Part : 41 ☕

1.4K 170 4
                                    

" သဲငယ်..ထယ်ထယ်ဘယ်လိုလဲ "

" အေးဆေးပဲ မနက်အစောကြီးထဲကကျောင်းရောက်နေပြီတဲ့ "

ဂျီမင်းလည်းအလုပ်ဖြောင့်အောင်မလုပ်နိုင်ဘဲ ကင်မ်ထယ့်ကိုစိတ်ပူနေရသည်။

" အင်း အင်း.. သဲငယ် အစ်ကိုယွန်းဂီက ဒီတစ်ရက် ဆိုင်ပိတ်ထားလိုက်တော့တဲ့ "

" ဟုတ်လား အဲ့ဒါဆိုယောဘိုအားသွားပြီပေါ့ "

" အင်း..ဘယ်သွားကြမလဲ "

" ယောဘို နောက်မှပြန်ခေါ်လိုက်မယ်..ဒါပဲနော် "

ဂျောင်ကုက ရုတ်တရက် ဖုန်းချသွားသောကြောင့် ဂျီမင်းထူးဆန်းသွားမိသည်။

ဂျီမင်းအလုပ်ပြီးသောအခါ ဂျောင်ကုထံမှ ဒီနေ့လာမကြိုဖြစ်ဘူးဆိုသော Message သာရပြီး ဖုန်းခေါ်တော့လည်း ဖုန်းကမအားပါ။ 

ဂျီမင်းလည်းအိမ်မပြန်ချင်သေးတာကြောင့် ဂျောင်ကုသွားနေကျဖြစ်တဲ့ webtoon center ဘက်သို့ထွက်လာခဲ့လိုက်သည်။ center ရှေ့ရောက်တော့ ဖုန်းခေါ်ကြည့်တော့လည်း မကိုင်တာကြောင့် ဂျီမင်းအထဲသို့ဝင်သွားလိုက်သည်။ 

သူသေချာစဉ်းစားကြည့်မှ ဂျောင်ကုက သူသွားသမျှနေရာ ခင်သမျှလူတိုင်းကိုသိသော်လည်း ဂျီမင်းကတော့ ဂျောင်ကုပတ်ဝန်းကျင်နဲ့ပတ်သက်ပြီးသေချာမသိပါ။ 

" နူနာ လုပ်ပါ နူနာကလည်း နော် နော်‌ နော် "

ဂျီမင်း ရုတ်တရက်ဂျောင်ကုအသံကိုကြားလိုက်မိသည်ဟု ထင်သောကြောင့် လိုက်ရှာကြည့်တဲ့အခါ အခန်းတစ်ခန်းတွင် ဆံပင်ခပ်တိုတိုကောင်မလေးတစ်ယောက်နဲ့အတူ ဂျောင်ကုကိုတွေ့လိုက်ရသည်။ ထိုမိန်းမထိုင်နေတဲ့ဘေးမှာ ဂျောင်ကုကရပ်ကာ တစ်ခုခုကိုပူဆာနေသလို အသံကလည်းချွဲနေလေသည်။

" မရဘူး ဂျောင်ကု "

" လုပ်ပါ လုပ်ပါ တစ်ရက်ထဲပဲလေနော် "

ဂျောင်ကုက ထိုမိန်းမလက်မောင်းကို လက်ညိုးနဲ့ထိုးရင်းပြောလိုက်သည်။ 

ဂျီမင်းဆက်ပြီးမကြည့်နိုင်တော့သောကြောင့် အသံကျယ်ကျယ်ဖြင့်အော်ခေါ်လိုက်သည်။

My Sweetest CaffeineWhere stories live. Discover now