Part : 27 ☕

1.6K 190 6
                                    

ဒီနေ့ ဂျီမင်းနဲ့ ဂျောင်ကုတို့ရဲ့ တရား၀င်ပထမဆုံးချိန်းတွေ့မယ့်နေ့ဖြစ်သည်။ ညကိုးနာရီအလုပ်ဆင်းတာနှင့် ဂျောင်ကုကဆိုင်ရှေ့မှာအဆင်သင့်ရောက်နေလေပြီ။

" ကုကု အေးနေပြီလား "

" ဟင့်အင်း..ဘယ်သွားချင်လဲ ယောဘို "

ဂျောင်ကု၏အခေါ်အဝေါ်ကြောင့်ဂျီမင်းမျက်လုံးမြှေးမြှေးလေးပြူးသွားရသည်။

" ကုကု ဘာယောဘိုလဲ ရှက်စရာကောင်းအောင် "

" မရှက်ပါဘူး ကျနော်အရင်ထဲက စိတ်ထဲမှာပဲခေါ်ခဲ့ရတာ အခုမှပဲတ၀ကြီးခေါ်ရမှာ "

" ကျနော့်ကိုရော ဘယ်အချိန်အထိ ကုကုလို့ခေါ်နေမှာလဲ "

" ကုကုလို့မခေါ်ရင်ဘယ်လိုခေါ်ရမှာလဲ "

" ဘယ်လိုခေါ်ချင်လဲ "

" ဂျစ်တူးကောင် "

‌ပြောပြီးခေါင်းလေးကိုလှုပ်လီလှုပ်လဲ့နဲ့မခန့်လေးစားလုပ်ပြနေသော ပေါင်မုန့်လုံးလေးကို ဒီအတိုင်းထားလို့မဖြစ်တော့ပေ။

" အသည်းယားအောင်လာမလုပ်နဲ့နော် ဘယ်နေရာရောက်နေတာလဲအရင်ကြည့်ဦး "

သူတို့ရဲ့သမိုင်း၀င်လမ်းကြားမှောင်မှောင်လေး။

" ဟင်..ကုကုနော် မရဘူး"

အမြန်ရှောင်ထွက်ဖို့လုပ်နေသော ဂျီမင်းရဲ့ခါးလေးကိုအလျင်အမြန်ဖမ်းဆွဲကာ ရင်ဘတ်ချင်းကပ်‌ထားလိုက်သည်။

" ဒါကဘယ်ပြေးမလို့လဲ "

" သူများ‌တွေ တွေ့ကုန်မယ် "

" တွေ့ပစေဗျာ "

" ငဆိုးကောင် "

" အဲ့လိုခေါ်ရင်မလွှတ်‌ပေးတော့ဘူးနော် "

" ဟုတ်ပါပြီ..ဘယ်လိုခေါ်ရမလဲစဉ်းစားထားလိုက်မယ် "

" ဒါဆို‌အာဘွားပေး "

" ဘာမှလည်းမဆိုင်‌ဘူး "

" ဟီး "

ဂျီမင်းကဂျောင်ကုရဲ့လည်တိုင်လေးကိုသိုင်းဖက်လိုက်ပြီး ခြေဖျားထောက်ကာ နှုတ်ခမ်းလေးဆီသို့ ဆက်တိုက် အနမ်းများပေးလိုက်သည်။

My Sweetest CaffeineWhere stories live. Discover now