Part : 4 ☕

2.6K 323 4
                                    

ဆိုင်ပိတ်ချိန်မှာ ည၉နာရီဖြစ်သည်။

အစ်ကိုယွန်းဂီက ဆိုင်အပေါ်ထပ်တွင်ပင်နေကြောင်း မပြောပြသော်လည်း ဂျီမင်းကိုယ့်ဘာကိုယ်သိလိုက်သည်။

" တစ်ရက်တော့အောင်မြင်သွားပြီ "

လက်နှစ်ဘက်ကိုလေပေါ်မြှောက်ကာ အကြောဆန့်ရင်း ကားဂိတ်သို့လျှောက်လာလိုက်သည်။

" ဂျီမင်း "

အိမ်ရှေ့ရောက်ခါနီး အနောက်ကလှမ်းခေါ်သံ။

သေချာပါတယ် ကုကုပါပဲ။

ငယ်ငယ်က " အစ်ကို အစ်ကို " ဟုတဖွဖွခေါ်ရင်း သူ့နောက်တကောက်ကောက်လိုက်ခဲ့သော ကလေးသည် အခုတော့ သူ့ထက်အရပ်မြင့်ပြီး ထွားကျိုင်းသောကောင်လေးဖြစ်လာပြီ။

" ဂျီမင်း ဘယ်တွေဒီလောက်သွားနေတာလဲ "

ဂျစ်ကန်ကန်လေးက အစ်ကိုလို့ခေါ်ခိုင်းလည်းမရတော့။ သူကသာ အကြီးဖြစ်ချင်နေတော့သည်။ အခုလည်းစစ်လားဆေးလားတွေလုပ်လာပြီ။

စ နေကျအတိုင်း ကုကုခေါင်းကိုသူ့လက်မောင်းဖြင့်ဆွဲယူညှပ်လိုက်ရင်းက

" အစ်ကိုကိုများ ဘာ ဂျီမင်း လဲ "

" ၁နှစ်ထဲကွာတာဘာအစ်ကိုလဲ၊ အတိအကျဆို ၇ လ နဲ့ ၂ရက်ပဲထဲကွာတာ "

" ဒီကောင်လေးပြောလေကဲလေ ကဲကွာ ကဲကွာ "
ဆံပင်တွေကို အားရပါးရဖွလိုက်တော့ ဂျစ်တူးလေး တင်းပြီလေ။

" အဲ့လိုတွေ မလုပ်နဲ့ ကျနော် ကလေးမဟုတ်တော့ပါဘူးဆို "

ဂျီမင်းလက်မောင်းအောက်မှရုန်းကန်ရင်းထွက်ဖို့လုပ်သည်။

ရုန်းသာရုန်းရတယ် ဂျီမင်းနာသွားမှာစိုး၍ အားကုန်မရုန်းရဲပေ။

အော်...အချုပ်ခံရတာလည်းသူ၊ နာသွားမှာစိုးရိမ်ရ‌တော့‌လည်းသူပဲ။

" လူကြီးသာဖြစ်ချင်နေတာ အားလည်းမရှိဘဲနဲ့ "

" ခင်ဗျားကျ ကျတော့ထက် အရပ်ပုပြီးတော့ "

" ခွေးကောင်လေး "

ဒီလို အနိုင်မခံပြောကြတာ သူတို့ရဲ့နှုတ်ဆက်နည်းလိုပင်ဖြစ်နေလေပြီ။

My Sweetest CaffeineOnde histórias criam vida. Descubra agora