Part : 9 ☕

2.2K 263 0
                                    

ဂျီမင်းကိုငှားထားတာ နားအေးပါးအေးရှိသည်ဟုထင်ထားသော်လည်း ဂျီမင်းရဲ့ သူငယ်ချင်းများကြောင့် နားမအေးနိုင်ပေ။

အားတာနဲ့ရောက်လာတတ်တဲ့ လေဆာမျက်လုံး‌လေးကြောင့် ယွန်းဂီအနည်းငယ်စိတ်ရှုပ်နေရတဲ့အထဲ အခုလည်းနောက်တစ်ယောက်။ 

အသည်းပုံပေါ်နေသော နှုတ်ခမ်းများကို အားရပါးရပြုံးကာ ယွန်းဂီလက်ကိုဆုပ်ကိုင်ပြီး မိတ်ဆက်နေသောကောင်လေး။ 

" ကျတော်လည်းအစ်ကိုယွန်းဂီလို့ပဲခေါ်မယ်နော် "

" ကျတော့်ကိုလည်း ထယ်ထယ်လို့ပဲခေါ်ပါ " 

" ကျတော်ခဏခဏလာအားပေးမယ်နော် အစ်ကိုယွန်းဂီ " 

ထယ်ထယ်က အရင်ထဲကလူမှုဆက်ဆံရေးကောင်းသော်လည်း ဒီလောက်ထိသွက်နေတာမြင်ရတာ ဂျီမင်းအတွက်တောင်ထူးဆန်းနေသည်။ 

အစ်ကိုယွန်းဂီကတော့ သူ့စတိုင်အတိုင်း အေးစက်စက်ဖြင့် ခေါင်းတချက်သာပြန်ငြိမ့်ပြသည်။

" ဂျီမင်း အစ်ကိုအပြင်သွားတော့မယ်၊ မိုးချုပ်မှာမို့လို့ ဆိုင်ကိုသေချာပိတ်ခဲ့လိုက်နော် " 

အစ်ကိုယွန်းဂီထွက်သွားသည်နှင့် -  

" ဂျီမင်း ငါလည်းချိန်းထားတာလေးရှိလို့နောက်မှတွေ့မယ်ကွာ..နော် "

" ကုကု ငါသွားပြီ " 

ပြောရင်းဆိုရင်း ထယ်ထယ်အလျင်အမြန်ထွက်သွားတော့သည်။

ကင်မ်ထယ်ဘာမှန်းမသိတဲ့ခံစားချက်များဖြင့် ယွန်းဂီနောက်ကိုလိုက်သွားရန်သာဆန္ဒပြင်းပြနေသည်။ စိတ်လှုပ်ရှားတာလား အချစ်လား အခုချိန်မှာ ခေါင်းစဉ်မတပ်နိုင်သေးသော်လည်း သူ့ဘဝရဲ့ပထမဆုံး ရင်ခုန်သံဖြစ်တာတော့သေချာသည်။ 

ပဟေဠိဆန်သော မျက်လုံးဆွေးဆွေးလေးတွေရဲ့ ဆွဲဆောင်မှု၊ အေးတိအေးစက် အမူအရာများ၏ညို့အားနောက်ကို ကင်မ်ထယ်လိုက်ပါဖို့အဆင်သင့်ဖြစ်နေလေပြီ။

ယွန်းဂီစီးသွားတဲ့ Taxi နောက်ကို သူဆိုင်ကယ်ဖြင့်လိုက်နေခဲ့သည်။ ယွန်းဂီကားပေါ်ကဆင်းပြီး ဝင်သွားသည့်နေရာကိုကြည့်မိလိုက်တော့မှ " The Sky Gallery "

My Sweetest CaffeineWhere stories live. Discover now