Part : 34 ☕

1.5K 183 15
                                    

ယွန်းဂီ နေ့လယ် ၁ နာရီလောက်မှ အိပ်ယာကနိုးလာသည်။ နိုးနိုးခြင်း ကိုက်ခဲနေသောခေါင်းကြောင့် ခဏထိုင်နေလိုက်တော့ မ‌နေ့ညကအကြောင်းတွေက ဆက်တိုက်ဆိုသလိုအတွေးထဲရောက်လာသည်။

နမ်ဂျွန်းနဲ့သူ အရင်ကထိုင်နေကျ လမ်းဘေးဆိုင်လေးမှာ အတူတူသောက်ခဲ့ကြသည်။ နမ်ဂျွန်းက အရက်ကိုသာဖိသောက်ပြီး မူးလာသောအခါမှ သူ့ကိုငိုပြီးတောင်းပန်လေသည်။ ထို့နောက် ခေါင်းမထောင်နိုင်တော့သောဂျွန်းကို သူနေတဲ့နေရာမနဲမေးကာ ချော့မော့ပြီး ယွန်းဂီလိုက်ပို့ပေးခဲ့ရပါသည်။

ယွန်းဂီ နမ်ဂျွန်းကို အဲ့လိုပုံစံမျိုးဖြင့်မြင်ရတာ စိတ်မချမ်းသာပါ။ ဘာတွေပဲဖြစ်နေဖြစ်နေ ထက်မြက်ပြီးပြတ်သားတဲ့ ဂျွန်းအနေနဲ့သာသူမြင်ချင်ပါသည်။ ဒါကခံစားချက်တွေကျန်နေသေးလို့တော့မဟုတ်ပါ။

နမ်ဂျွန်းကိုမြင်လိုက်ရချိန်မှာ သူ့ခံစားချက်တွေပြောင်းလဲနေပြီဆိုတာ ယွန်းဂီသူ့ကိုယ်သူသိလိုက်ပါသည်။ သူဂျွန်းကိုမမေ့နိုင်ခဲ့တာ သူ့ကိုဘာမှမဟုတ်သလိုထားရက်ခဲ့သည်ဟု ခံပြင်းသောခံစားချက်ကြောင့်သာ ပို၍မမေ့နိုင်ဖြစ်နေခဲ့ရခြင်းသာ။ 

နမ်ဂျွန်းအကြောင်းအတွေးနှင့်အတူ ယွန်းဂီကင်မ်ထယ့်ကိုပါသတိရသွားသည်။

အခန်းထဲသွားကြည့်သောအခါ ကင်မ်ထယ်မရှိပါ။ အောက်ထပ်တွင်လည်းဆိုင်မဖွင့်ရသေး။ ယွန်းဂီတစ်ခုခုထူးဆန်းသလိုထင်မိသော်လည်း ဆိုင်ဖွင့်ဖို့သာ အမြန်လှုပ်ရှားလိုက်သည်။

သူဆိုင်ဖွင့်ပြီး ခဏအကြာ ဂျီမင်းနှင့်ဂျောင်ကုတို့အတွဲလိုက်ရောက်လာကြသည်။ သူတို့မျက်နှာတွေက အရင်ကလို မသာယာပါ။

" အစ်ကိုယွန်းဂီ ဟိုဟာလေ ကိုကြီးဂျင်ပြန်ရောက်နေတယ် "

" ဟုတ်လား "

" ဟုတ် အစ်ကိုထယ်ထယ်လည်းအိမ်မှာပြန်နေတော့မလို့တဲ့..ကျနော်တို့ကိုအဝတ်အစားတွေလမ်းကြုံယူလာခိုင်းလိုက်တယ် "

" အော် "

ယွန်းဂီရင်ထဲမှာဆစ်ကနဲနာကျင်သွားသလိုပင်။ သူ့ကိုနှုတ်တောင်မဆက်တော့ဘဲထွက်သွားရအောင် သူတို့ဆက်ဆံ‌ရေးက အဲ့လောက်သူစိမ်းမဆန်ခဲ့ကြပါ။

My Sweetest CaffeineWhere stories live. Discover now