Part : 11 ☕

2K 245 4
                                    

မနေ့ညက သူ့ကို အစ်ကိုယွန်းဂီ ခပ်ငေးငေးလေးစိုက်ကြည့်နေသည့် ပုံရိပ်ကိုပဲ ကင်မ်ထယ် တစ်ချိန်လုံးတွေးနေမိသည်။ 

တွေးမိတိုင်းလည်း ရင်ထဲမှာနွေးသွားလိုက် ရင်တွေခုန်လာလိုက်ဖြစ်နေသည်။ 

" ငါတော့သွားပြီ..ရူးနေပြီကွာ "

" ဘာတွေရူးနေတာလဲ ငါ့ကောင် " 

ဘိုဂွန်းရဲ့အမေးကို ပြန်မဖြေဘဲ ခေါင်းခါပြလိုက်သည်။

" ထယ်..ဒီညစောစောလာခဲ့..ငါတို့နေရာကို ဟိုဘက်တက္ကသိုလ်က စီနီယာကောင်တွေ လာလာဦးနေလို့ "

" အိုကေ..သားကြီး "

ဂျီမင်းဆီသွားလည်မယ်လို့တွေးထားသော်လည်း အိမ်မှာဆိုင်ကယ်ဝင်ယူကာ သူတို့ဆိုင်ကယ်အဖွဲ့ဆီပဲ ကင်မ်ထယ် ထွက်ခဲ့လိုက်တော့သည်။ 

သူရောက်သွားတဲ့အချိန်မှာ ဘိုဂွန်းတို့အုပ်စုနဲ့အကောင်ခပ်ထွားထွားလူတစ်စုတို့ အခြေတင်ပြောဆိုနေကြသည်ကိုတွေ့လိုက်ရသည်။ 

" မင်းတို့အရင်ရောက်တိုင်း မင်းတို့နေရာမဟုတ်ဘူးကွ...ငါတို့အရင်ထဲကယူထားတဲ့နေရာ "

" ဒါဆိုလည်း အခုငါတို့နေရာဖြစ်သွားပြီကွာ..လစ်တော့ "

ကင်မ်ထယ်လည်း အခြေအနေကိုဝင်ထိန်းဖို့လှမ်းမေးလိုက်သည်။

" ဘိုဂွန်း..ဘာတွေဖြစ်နေတာလဲ " 

" သားကြီး..ငါနေ့လည်ကပြောတဲ့ကောင်တွေကွာ "

ကင်မ်ထယ်က ပြဿနာရှည်နေမည်စိုးသောကြောင့် -

" သိပြီ..ဒီနေ့တော့ နေလိုက်ဦးကွာ..ငါကိုကြီးနဲ့ပြောထားလိုက်မယ် "

" ထွီ...အစ်ကိုနောက်ကနေ လက်သီးပုန်းထုတ်နေတဲ့ကောင် "

ထိုလူ့စကားကိုကြားလိုက်ရသောအခါ ကင်မ်ထယ်၏ လက်သီးပြင်းပြင်းတစ်ချက်က လျင်မြန်စွာလွတ်ထွက်သွားတော့သည်။ 

#...☕...#

ည ၈း၄၅။

" ဒီပုံစံနဲ့အိမ်ပြန်လို့မဖြစ်ဘူး..ဂျီမင်းဆီပဲသွားရမယ် "

ကင်မ်ထယ့်ပါးတွင်ပွန်းပဲ့ကာ နှုတ်ခမ်းထောင့်တွင်လည်း သွေးစို့နေသည်။ ဆက်တိုက်အထိုးခံထားရသောကြောင့် ဗိုက်လည်းအောင့်နေသည်။ 

My Sweetest CaffeineWhere stories live. Discover now