Part : 49 ☕ (Final)

3.1K 224 16
                                    

၁ နှစ်ခန့်ကြာပြီးသောအခါ။

မိုးစက်လေးများ တိတ်တိတ်ဆိတ်ဆိတ် ကျဆင်းနေသော လမ်းကြားငယ်လေး။ 

ထိုလမ်းကြားလေးရဲ့နံရံပေါ်တွင်တော့ ကြယ်တွေစုံညီစွာလှပနေသော ညကောင်းကင်ယံကြီးရှိနေသည်။ကောင်းကင်ကြီးအောက်တွင် ထိုကောင်းကင်ကြီးကို မော့ကြည့်နေသောကောင်လေးလေးယောက်ရဲ့ကျောပြင်များနှင့် သူတို့အလယ်တွင်ခွေးလေးတစ်ကောင်။

လမ်းကြားလေးအဆုံးတွင် ကော်ဖီဆိုင်ငယ်လေးရှေ့က ခုံများကိုသိမ်းရန်ပြေးထွက်လာသော ကောင်လေးတစ်ယောက် နှင့် ထီးလိုက်မိုးပေးနေသောကောင်လေးတစ်ယောက် ရှိနေသည်။

" ယောဘို မိုးတွေစိုကုန်မယ် "

" ရပါတယ်သဲငယ်ရဲ့ "

" လာ..အတူတူသိမ်းကြမယ် "

ခုံများကိုထပ်ကာ ကောင်လေးနှစ်ယောက် ကြည်ကြည်နူးနူးဝင်သွားသော ဆိုင်လေးထဲတွင် အရင်ကလိုပန်းချီကားပုံတွေအစား ကာတွန်းရုပ်ပြောင်ပုံလေးတွေချိတ်ဆွဲထားသည်။ ကာတွန်းပုံလေးတွေရဲ့အဆုံးတွင်တော့ မှန်ဘောင်ထည့်ကာ ချိတ်ထားသော စာရွက်လေးတစ်ရွက်ရှိနေသည်။

" မင်္ဂလာလက်ဖွဲ့လေးကို ကြိုက်မယ်လို့မျှော်လင့်ပါတယ်..Sweet Night လေးကို သမီးလေးတစ်ယောက်လိုစောင့်ရှောက်ပေးပါ "
- အစ်ကိုယွန်းဂီနဲ့ထယ်ထယ် -

#...☕...#

" အူးအူးဂျင် နဲ့ အူးအူးဂျွန်း နောက်ခါလာရင် ရုပ်ရုပ်များကြီးဝယ်ရာနော် "

" ဟုတ်ရယ် ချာအုပ်တွေ မီးမီးကြိုက်ဝူး "

" တားတားကမုန့် "

" ကလေးတွေအိပ်ချိန်ရောက်ပြီလေ..ဖေဖေဂီစောင့်နေပြီ "

" ပေပေထယ်ခေါ်နေပီ "

" အူးအူးတို့မွမွ "

" တွားတော့မယ် တာ့တာ့ "

အတတ်ကလေးတွေလှုပ်တုတ်လှုပ်တုတ်နဲ့ပြေးသွားကြတာကြည့်ပြီး ကင်မ်ဆော့ဂျင်နဲ့နမ်ဂျွန်းတို့ သဘောကျစွာရီမောမိကြသည်။

" ကိုကြီးတို့ ညအိပ်သွားပါဆို "

" မအိပ်တော့ပါဘူးထယ်ရယ်..ဒီတစ်ခါလာတာကနမ်ဂျွန်းအလုပ်နဲ့ "

My Sweetest CaffeineWhere stories live. Discover now