" ဂျီမင်းမလွဲစေနဲ့နော် "
" ကုကု ကုကု သေချာကြည့်နေနော် "
ကင်မ်ထယ် ယွန်းဂီကိုဖွင့်ပြောဖို့အရေးတွင် အပင်ပန်းရဆုံးမှာ ဂျီမင်းနှင့်ဂျောင်ကုဖြစ်သည်။
ဂျောင်ကုကအစ်ကိုယွန်းဂီ taxi နဲ့ ပြန်လာလား bus နဲ့လား စောင့်ကြည့်ကာ အချိန်နှင့်တပြေးညီသတင်းပို့ရမည်။
ဂျီမင်းကဆိုင်ထဲမှာပုန်းကာ မီးဖွင့်မီးပိတ်တာ၀န်ယူထားရသည်။
" စိတ်အေးအေးထားပါကွာ အကုန်အဆင်ပြေစေရမယ် "
" ငါဖွင့်ပြမှာတွေနားထောင်ပြီးမရီနဲ့နော် ဂျီမင်း "
" ဟိ ဟိ အေးပါကွာ "
" ကုကုရေကြားရလား ဒီချိန်လောက်ဆိုပြန်လာခါနီးပြီထင်တယ် "
ဂျောင်ကုနှင့်ကင်မ်ထယ်တို့ဖုန်းခေါ်ထားကာအဆက်အသွယ်လုပ်နေသည်။
" အဆင်သင့်ပဲလား "
" အင်း အဆင်သင့်ပဲ "
" အစ်ကိုထယ်ထယ်..bus စီးလာတာ..အခုဆင်းပြီ..လမ်းလျှောက်လာနေပြီ "
" ဟုတ်လား..ဂျီမင်း မီးပိတ်တော့ ပုန်းကြမယ် "
" လမ်းကြားနားရောက်တော့မယ် "
" အာ..အနောက်ဘက်ကိုပြန်လျှောက်လာနေတယ် "
" ဘယ်သွားတာလဲ "
" ဈေးဆိုင်ထဲ၀င်သွားတယ် "
" Chocolate ၀င်၀ယ်လာတာထင်တယ် "
" ဟီးဟီး အဲ့ဒါငါ့အတွက်ဖြစ်မယ် "
" ဆိုင်ရှေ့နားရောက်တော့မယ်နော် "
" အိုကေ "
" ဟင် "
" ကုကု ဘာဖြစ်လို့လဲ "
" ဟေ့ကောင် ကုကု "
" အစ်ကိုထယ်ထယ် "
" ဘာဖြစ်နေတာတုန်း..၀င်လာပြီလား "
" ဆိုင်ရှေ့မှာ.."
ကင်မ်ထယ်စိတ်မရှည်လှသောကြောင့် ကောင်တာအနောက်မှာပုန်းနေရာကနေထကြည့်လိုက်သည်။
ကင်မ်ထယ့်ကမ္ဘာကြီးကိုပြောင်းပြန်လှန်ပစ်နိုင်သောမြင်ကွင်းတစ်ခု။
YOU ARE READING
My Sweetest Caffeine
Romance💜 Taegi နဲ့ Jikook ဇာတ်လမ်းလေးပါ 💜 **Unicode+Zawgyi** From 27th June, 2021 to 4th Aug, 2021 ~