Part : 39 ☕

1.5K 169 11
                                    

" သဲငယ်..ဘာတဲ့လဲဟင် "

" ..... "

" ကျသွားလို့လား "

" ..... "

ဂျောင်ကုက အစိုးရိမ်လွန်နေသော သူ့ပေါင်မုန့်လုံးလေးကို စချင်တာကြောင့် ဖုန်းကိုတမင်ပြန်မဖြေပါ။

" ဟေ့ကောင်ရေ..ပြန်ပြောဦးကွာ "

" ဟဲ ဟဲ အောင်တယ် နှစ်ယောက်လုံးအတူတူအောင်တယ် "

" ခွေးကောင်လေး "

" ချစ်လို့စတာပါယောဘိုကလည်း "

" ယောဘိုမနေနဲ့ ကုကု မြန်မြန်ပြန်လာခဲ့ ကြက်ကြော်နဲ့မက်ဂျူ‌တွေ၀ယ်ထားတယ်မင်းတို့အတွက် "

ဂျီမင်းဘေးမှာကပ်နားထောင်နေတဲ့ ကင်မ်ထယ်က လှမ်းအော်ပြောလိုက်သည်။

" အိုကေ "

" ဘယ်တုန်းက၀ယ်လိုက်တာလဲ ထယ်ထယ်ရဲ့ "

" ခုနကပဲ အစ်ကိုယွန်းဂီ ပြန်အလာမှာ၀ယ်ခိုင်းလိုက်တာ "

" ကျသွားရင်ဘယ်လိုလုပ်မှာလဲ "

" ငါ့ကိုကိုနဲ့နှစ်ယောက်ထဲစားလိုက်မှာပေါ့ "

" ကောင်းပါ့ကွာ "

" ဟား ဟား စတာပါ မင်းတို့အောင်မှာသိပြီးသား..ငါသာကျတာ "

ကင်မ်ထယ်က အဖြူရောင်လူသားလေးနဲ့ဆုံပြီးနောက်မှာ ကျောင်းကိစ္စလည်းစိတ်မ၀င်စားဘဲ ကျောင်းလည်းမှန်မှန်မတက်တာကြောင့် ပထမနှစ်၀က်တွင်တစ်ဘာသာကျသွားသည်။ ကံကောင်းတာက ပြန်တက်စရာမလိုဘဲ တစ်ကြိမ်ပြန်ဖြေခွင့်ရှိသေးသည်။

" အစ်ကိုယွန်းဂီသိလား အဲ့ကိစ္စ "

" သိပါ့ကွာ..ကိုကြီးတောင်မဆူဘူး..အဖိုးကြီးပေါက်စလေးကပွစိပွစိနဲ့..တစ်ချက်လွှတ်အမိန့်လည်းချထားသေး..ဒီနေ့ပြီးတာနဲ့စာလုပ်ရမယ်တဲ့ "

တစ်မိုးအောက်က ကင်မ်ထယ့်ကိုနိုင်မယ့်သူပေါ်လာတော့ ဂျီမင်းသဘောကျစွာရီမိပါတော့သည်။

#...☕...#

အစ်ကိုယွန်းဂီရဲ့ဆိုင်မှာ‌ဂုဏ်ပြုပွဲလုပ်ပြီးနောက် ဂျီမင်းနှင့်ဂျောင်ကုတို့အတူတူအိမ်ပြန်လာကြသည်။

My Sweetest CaffeineWhere stories live. Discover now