Part : 25 ☕

1.7K 200 2
                                    

" ကုကု ငါပျင်းလာပြီ..ဒီနားလမ်းလျှောက်ထွက်ရအောင် "

" ဖြစ်ပါ့မလား "

" ဖြစ်ပါတယ်ကွာ "

" ဒါဖြင့်ဒါလေး၀တ်ထား "

သူ့အနွေးထည်အင်္ကျီအောက်တွင် ပေါင်မုန့်လုံးလေးရဲ့ခန္ဓာကိုယ်သေးသေးလေးမှာနစ်၀င်နေသည်။

အခန်းထဲတွင်ပဲနေရ၍ မွန်းကြပ်နေတာကြောင့် အပြင်ရောက်တာနဲ့ ဂျီမင်းက ကလေးတစ်ယောက်လိုပင် ခုန်ပေါက်၍ လျှောက်သွားသည်။ ဂျောင်ကုက ကင်မရာကိုင်ကာ နောက်ကနေထပ်ကြပ်မကွာလိုက်ရိုက်‌နေသည်။

" ကုကု ဟိုမှာကြည့် နေ၀င်တော့မယ် လှလိုက်တာ "

ဆည်းဆာ၏အလှတရားအောက်တွင် ပို၍လှနေသူမှာ သူဖြစ်ကြောင်း ပေါင်မုန့်လုံးလေးကသိဟန်မတူပါ။

တော်တော်ဝေးဝေးလျှောက်လာပြီးနောက် သူတို့သစ်ပင်‌တစ်ပင်အောက်တွင်ထိုင်လိုက်ကြသည်။

" မောလိုက်တာကွာ "

" အားမရှိသေးဘဲနဲ့လျှောက်ပြေးနေတာကိုး "

" ပျော်လို့ပါ ကုကုကလည်း မဆူပါနဲ့ "

ဆူပုတ်ပုတ်လုပ်ကာပြောနေသော ပေါင်မုန့်လုံးလေးဟာ ဂျောင်ကုကိုဘယ်လိုခြွေရမလဲ ကောင်းကောင်းသိသော ကဝေကောင်လေး။

" မှန်းစမ်း..ကိုယ်လည်းနည်းနည်းပြန်နွေးနေတယ် "

" လာ..တက် "

ဂျောင်ကုက ဂျီမင်းရှေ့တွင်ထိုင်ချပြီး ကုန်းပိုးမည့်ဟန်ပြင်လိုက်သည်။

" ဟာ..မတက်ပါဘူး "

" ပြောမရရင် ခင်ဗျားကိုဒီတိုင်း ပွေ့ချီသွားမှာနော် "

" ဟိတ်ကောင် "

" ကျနော်ပြောတာနားထောင်စမ်းပါ "

" ပြီးရော ပြီးရော "

နေလုံးကြီးသည် တဖြည်းဖြည်းပျောက်ကွယ်လာသည်။ သင်းပျံ့သောညပန်းရနံ့လေးများက လေအဝှေ့တွင်ပါလာကြသည်။

" ကုကု..ငါ့အပေါ်ဘာလို့ဒီလောက်ကောင်းရတာလဲ "

ကျောပေါ်မှ အကောင်အသေးလေးဟာ ပခုံးပေါ်ကိုမေးတင်လျက် တကယ်မသိသလိုပင်မေးခွန်းထုတ်လေသည်။

My Sweetest CaffeineWhere stories live. Discover now