Part : 35 ☕

1.5K 183 9
                                    

ပြခန်းမှာ ကင်မ်ထယ့်ကိုတွေ့ပြီးနောက် မတွေ့ရတော့တဲ့ ၃ ရက်အတွင်းမှာ ကင်မ်ထယ်သူ့ဆီကိုဖြစ်ဖြစ် ဂျီမင်းဆီကိုဖြစ်ဖြစ် မျက်စိလည် လမ်းမှားပြီးရောက်လာမလားလို့ ယွန်းဂီနေ့တိုင်းမျှော်နေမိပါသည်။ တစ်နေကုန်လို့ ရောက်မလာတဲ့အခါမှာလည်း သူဘာကိုစိတ်တိုလို့တိုမိမှန်းမသိပါ။

စန္ဒယားကြီးမြင်လည်းကင်မ်ထယ့်ကိုတွေးမိသည်။ Mousse Cake order ရရင် အသည်းပုံအပြုံးတွေက ခေါင်းထဲမှာ လျှောက်ပြေးသွားကြသည်။ အပေါ်ထပ်တက်လာရင် မီးပိတ်ထားသော ကင်မ်ထယ့်အခန်းကို မမြင်ချင်ယောင်ဆောင်ရသည်မှာအလုပ်တစ်ခုဖြစ်သည်။ လမ်းကြားထဲကနံရံများလှောင်ပြောင်တာလည်းမခံချင်သဖြင့် ဆိုင်ထဲကဆိုင်ပြင်သို့ပင်မထွက်ချင်ပါ။ ကုန်ကုန်ပြောရရင် ဆိုင်ကယ်တစ်စီးဖြတ်မောင်းသွားသည်ကိုမြင်ရတိုင်း သူ့ရင်ဘတ်ကို ဖြတ်တိုက်သွားကြသလိုပင်။

" သူ့အိမ်သူပြန်သွားတာကို ဘာတွေဖြစ်နေတာလဲကွာ "

" အိမ်ပြန်တာနဲ့ပဲ အဆက်အသွယ်ပါမလုပ်တော့ဘူးလား "

ယွန်းဂီစိတ်အလိုမကျစွာ စာအုပ်တစ်အုပ်ထဲ လျှောက်ရေးခြစ်နေရင်း ကိုယ့်အတွေးတွေနဲ့ကိုယ်ရန်ဖြစ်နေသည်။

" အစ်ကိုယွန်းဂီ ဧည့်သည် "

ဂျီမင်းရဲ့အသံကြားလို့ကြည့်လိုက်သောအခါ ဆိုင်ရှေ့တွင်လက်လှမ်းပြနေသောဂျွန်း။

#...☕...#

နမ်ဂျွန်းစက်ဘီးစီးရင်း ယွန်းဂီဆိုင်သို့လာနေတဲ့ တစ်လမ်းလုံး ပြခန်းတွင် ယွန်းဂီနဲ့ပြောခဲ့သောစကားများကိုစဉ်းစားနေမိသည်။ 

" ဂျွန်း..ဒါငါမင်းကို သတိရလာတိုင်း ဆွဲဖြစ်တဲ့မင်းပုံတူကားလေး..ဒါပေမယ့် ဒီကားကိုအပြီးသတ်နိုင်တဲ့အထိကြာအောင်တော့ ငါမင်းသတိမရခဲ့ဘူးထင်ပါတယ် "

" ယွန်း "

" ငါမေးတာကိုသေချာစဉ်းစားကြည့်ပါ ဂျွန်း..ဒီ၂ နှစ်အတွင်းမှာ မင်းငါ့ကိုတကယ်ပဲ တစ်ရက်မှမမေ့ဘဲ သတိရနေခဲ့လို့လား..မင်းထွက်သွားထဲက ပြန်လာမယ်လို့ရောတကယ်ပဲဆုံးဖြတ်ထားလို့လား "

My Sweetest CaffeineWhere stories live. Discover now