Part : 48 ☕

1.6K 158 4
                                    

ယွန်းဂီဇိမ်ခံကားကြီးပေါ်တွင် တစ်ယောက်တည်းလိုက်ပါလာခဲ့သည်။ 

ကားဆရာကြီးရဲ့ " သူဌေးလေးကင်မ်ထယ်က ဒီကအစ်ကိုယွန်းဂီကိုခေါ်ခိုင်းလိုက်လို့ပါ " ဆိုသော စကားကိုကြားတာနဲ့ ကင်မ်ထယ့်ကိုတွေ့ချင်ဇောကြောင့် ချက်ချင်းပဲ သူလိုက်စီးလာခဲ့ခြင်းဖြစ်သည်။

ယွန်းဂီကားပေါ်ရောက်တာ အခုနဲ့ဆို နာရီဝက်ကျော်လောက်ရှိပြီဖြစ်သည်။ အခုမှ သူနည်းနည်းအသိဝင်ကာလန့်သလိုဖြစ်လာသည်။ တကယ်လို့များ သူ့ကိုမကောင်းတဲ့အကြံအစည်ဖြင့် ညာခေါ်လာရင်ဘယ်လိုလုပ်ရမလဲ။

" ဒီမှာ ကားဆရာကြီး အခုဘယ်ကိုသွားနေတာလဲသိလို့ရမလား..ထယ်ကရောဘယ်မှာလဲ "

" သူဌေးလေးက လျှို့ဝှက်ပြီးခေါ်လာဖို့ပြောထားလို့ပါ..ကျတော့်ကိုယုံလို့ရပါတယ်ခင်ဗျ "

ကားဆရာကြီးက ပြောပြီးတာနဲ့ သူ့ဖုန်းမှတဆင့် Sweet Night သီချင်းကိုဖွင့်လိုက်သည်။ 
" သူဌေးလေးက ဒီကအစ်ကိုမယုံရင် ဒီသီချင်းဖွင့်ပြလိုက်ဖို့မှာထားပါတယ် "

Sweet Night သီချင်းကိုကြားလိုက်တော့မှ ယွန်းဂီနည်းနည်းစိတ်တည်ငြိမ်သလိုဖြစ်သွားသည်။ ဒီသီချင်းလေးက သူတို့နှစ်ယောက်ပဲသိသော သူတို့ရဲ့ဆက်နွယ်မှုတစ်ခုဖြစ်တာကြောင့် တခြားသူတစ်ယောက်ယောက်က လိမ်ညာပြီးသုံးဖို့ဆိုတာမဖြစ်နိုင်ပါ။

ဒီနေ့တစ်နေ့လုံး ပဟေဠိဆန်လှသော ကင်မ်ထယ့်အပြုအမူများအတွက် ယွန်းဂီဘယ်လိုနားလည်ရမှန်းမသိဖြစ်နေသည်။ ဒါပေမယ့် အခုချိန်မှာသူ့အတွက်အရေးအကြီးဆုံးက သူ့ကလေးကို အမြန်ဆုံးတွေ့ရဖို့သာ။

ကားကတဖြည်းဖြည်းနဲ့ အဝေးပြေးလမ်းမပေါ်သို့ဦးတည်လာလေသည်။ ထို့နောက် ၃ နာရီကျော်လောက်ကြာတော့ ကားလေးကဒယ်ဂူမြို့သို့ရောက်နေပြီဖြစ်သည်။

" နောက် ၁၀ မိနစ်နေရင်ရောက်ပါတော့မယ်ခင်ဗျ "

ကားဆရာကြီးပြောပြီးသိပ်မကြာခင်ပင် ခြံဝန်းကြီးတစ်ခုထဲသို့ ချိုးကွေ့ကာဝင်သွားပြီး အိမ်ကြီးတစ်လုံးရှေ့တွင် ကားကိုရပ်လိုက်သည်။

My Sweetest Caffeineحيث تعيش القصص. اكتشف الآن