Part : 21 ☕

1.7K 217 1
                                    

" လေးလေးဟိုဆော့ "

" ငထယ်ကောင် ထွားလာလှချီလား "

" တက္ကသိုလ်ကျောင်းသားလေဗျာ "

" ‌မင့်ကိုကြီးဂျင်တော့ မင်းတို့မရောက်သေးဘူးလား တစ်ချိန်လုံးဖုန်းဆက်နေတော့တာပဲ "

" ကိုကြီးကတော့လေ "

" ဒါနဲ့လေးလေး ဒါဂျောင်ကုနဲ့ဂျီမင်း..ကျနော့်သူငယ်ချင်းတွေ..ဒါကအစ်ကိုယွန်းဂီ..ကျတော်ပြောတဲ့ ကော်ဖီဆိုင်ပိုင်ရှင် "

" အေးအေး ထယ်ထယ့်ကို သည်းခံကြပါ..ဒီကောင်က ကလေးဆိုးကြီး "

" လေးလေးဟိုဆော့နော်.."

" ဟား ဟား..ဒါနဲ့ဘယ်မှာတည်းကျမှာလဲ "

" ဟင် လေးလေးအိမ်မှာလေ "

" ငါ့အိမ်ကဘာအိမ်မှန်းသိလို့လို့လား ဟိုမှာကြည့် "

လေးလေးဟိုဆော့က သစ်သားအိမ်ပုလေးတစ်လုံး ကိုညွှန်ပြလိုက်သည်။

" ဘယ်လိုဖြစ်တာလဲ လေးလေးရဲ့ "

" ငါကဒီလိုတွေနေချင်လို့ဒီကိုလာခဲ့တာလေကွာ..မင်းတို့လည်းကိုယ့်ဘာကိုယ် အဆင်ပြေရာရှာပြီးနေကြပေတော့ "

#...☕...#

လေးလေးဟိုဆော့ကျေးဇူးကြောင့် သူတို့အထုပ်အပိုး‌တွေနဲ့ နာရီ၀က်ခန့်လမ်းလျှောက်ပြီးနောက်မှ တည်းခိုခန်းတစ်ခုကိုရှာတွေ့ခဲ့သည်။

" နှစ်ယောက်အခန်းတွေပဲရှိတယ် "

" Twin bed ကလည်းတစ်ခန်းပဲရတော့မယ် "

" ဟုတ်လား..ကျနော် double bed ယူလိုက်မယ် "

" ကျနော်တို့ယူလိုက်မယ်လေ အစ်ကိုထယ်ထယ် "

" မရဘူးကုကု..ငါ့သူငယ်ချင်းလေးကို စိတ်မချပါဘူး "
ပြောရင်းနဲ့ ကင်မ်ထယ် ကုကု‌ကိုပြောင်ပြလိုက်သည်။

" အကျင့်ပုပ်ကြီး "

ပွစိပွစိပြောနေသောဂျောင်ကုသည် အစ်ကိုယွန်းဂီနှင့်အတူ ဂျီမင်း၀င်လာသာအခါ ချက်ချင်းမျက်နှာကပြုံးသွားသည်။

" အစ်ကိုယွန်းဂီ double bed ပဲရှိတော့လို့ အဆင်ပြေတယ်မဟုတ်လား "

My Sweetest CaffeineWhere stories live. Discover now