Part : 32 ☕

1.5K 185 8
                                    

မနက် ၂နာရီ။

ယွန်းဂီပြန်လာတော့ ဆိုင်ရှေ့မှာထွက်ထိုင်နေတဲ့ ကင်မ်ထယ့်ကိုတွေ့ရသည်။

" ထယ် မအိပ်သေးဘူးလား "

" ဟုတ်..အိပ်မပျော်လို့ "

ယွန်းဂီက ကင်မ်ထယ့်ဘေးမှာ၀င်ထိုင်လိုက်သည်။ ကင်မ်ထယ် ယွန်းဂီဆီမှအရက်နံ့နှင့်အတူရေမွှေးနံ့စူးစူးကိုပါရလိုက်သည်။

" အစ်ကိုယွန်းဂီအရက်သောက်လာတာလား "

" အင်း နည်းနည်း "

ကင်မ်ထယ်ကဘာမှဆက်မပြောတော့ဘဲ ကောင်းကင်ကိုသာ‌မော့ကြည့်နေလိုက်သည်။ ဒီညမှ ကောင်းကင်ကပိုပြီးမှောင်နေသလိုပင်။

ယွန်းဂီ ကင်မ်ထယ့်ကို တော်တော်ကြာအောင် ငေးကြည့်နေမိသည်။ ကြည့်နေရင်းမှ ဘာကြောင့်မှန်းမသိ မျက်ရည်များဝဲတက်လာသည်။ ယွန်းဂီ အချိန်အကြာကြီး ထမ်းပိုးထားခဲ့သောအစိုင်အခဲများ၊ နာကျင်မှုများကို ဒီအကြည်ဓာတ်လေးက နှစ်သိမ့်မှုပေးနိုင်မလိုပင်။

သူ့မျက်ရည်များကိုမမြင်အောင် ယွန်းဂီမျက်နှာလွှဲလိုက်သည်။ ထိုအချိန် ကင်မ်ထယ့်လက်တစ်ဖက်က ယွန်းဂီ၏လက်ကိုဆုပ်ကိုင်လိုက်သည်။

ယွန်းဂီမျက်လုံးချင်းဆုံကြည့်လိုက်တော့ ပွယောင်းယောင်းကောင်လေးကခပ်ယဲ့ယဲ့အပြုံးလေးဖြင့်သူ့ကိုကြည့်နေသည်။

" အဆင်ပြေရဲ့လား "

ယွန်းဂီဆက်ပြီးထိန်းထားနိုင်စွမ်းမရှိတော့ဘဲ ကင်ထယ့်ပေါင်ပေါ်သို့မှောက်ကာ ရှိုက်ကြီးတငင်ငိုချမိတော့သည်။

ကင်မ်ထယ်က ယွန်းဂီ၏ကျောကိုပွတ်သပ်ပေးကာနှစ်သိမ့်ပေးနေသည်။ ခဏကြာတော့ ယွန်းဂီငြိမ်သွားကာ အရက်အရှိန်နှင့်ငိုထားတာပေါင်းပြီးအိပ်ပျော်သွားတော့သည်။

ကင်မ်ထယ် ယွန်းဂီကိုပွေ့ချီကာ အိပ်ယာပေါ်တွင်သိပ်လိုက်ပြီး အိပ်ပျော်နေသော သူ့အဖြူရောင်လူသားလေးရဲ့ဆံပင်‌တွေကို အသာအယာပွတ်သပ်ပေးနေလိုက်သည်။

" ထယ် ဘာကိုမှသေချာမသိပေမယ့် အစ်ကိုယွန်းဂီ နာကျင်တာမြင်ရတာ ထယ်နာကျင်ရတာထက်ပိုပြီး ရင်တွေနာရတယ်..ဒီလိုမျိုးမျက်ရည်ကျတာကို ထပ်ပြီးမမြင်ချင်ဘူး..ဘယ်လိုနည်းနဲ့ဖြစ်ဖြစ်ပျော်ရွှင်ရအောင် ထယ်လုပ်ပေးမယ် "

My Sweetest CaffeineWhere stories live. Discover now