Part : 24 ☕

1.6K 210 2
                                    

" ဂျီမင်း မနက်စာကို ဆန်ပြုတ်လေးသောက်လိုက်နော် "

" အာ..ကျေးဇူးပါ အစ်ကိုယွန်းဂီ "

" ငါတို့လည်းမသွားတော့ဘဲ နေပေးရမလား "

" ထယ်ထယ်ကလည်း ကောင်း‌နေပါပြီကွာ..စိတ်မပူနဲ့ ကုကုလည်းရှိတာပဲ "

ပြောမယ့်သာပြောရသော်လည်း ဂျီမင်းနေမကောင်းဖြစ်တိုင်း ဂျောင်ကုကအရိပ်တကြည့်ကြည့်ပြုစုပေးနေကျဖြစ်လို့ ကင်မ်ထယ်စိတ်ချပါသည်။

" အေးပါ..ကုကု တစ်ခုခုဆိုဖုန်းဆက်..အော် ဒီမှာကင်မရာ ဟိုနားဒီနားလျှောက်ရိုက်ချင်ရိုက်ပေါ့ "

ကင်မ်ထယ်အပြင်သွားချင်သည်ဆိုသည်မှာ အစ်ကိုယွန်းဂီကိုနေရာလှလှလေးတွေခေါ်သွားကာ ပန်းချီဆွဲစေဖို့ဖြစ်သည်။

" ထယ်..ကိုယ့်ကိုတစ်နေရာလိုက်ပို့လို့ရမလား "

" အစ်ကိုယွန်းဂီ ဘယ်သွားချင်လို့လဲ "

" မြို့ပြင်ကဘုရားရှိခိုးကျောင်း "

" ရတယ်‌လေ ထယ်လည်းမြို့ပြင်ဘက်ခေါ်သွားဖို့ပဲ..အဲ့ဘက်ကသာယာတယ် "

တစ်လမ်းလုံးသူ့အ‌ဖြူရောင်လူသားလေးက ဆိုင်ကယ်ခုံကိုသာကိုင်ပြီး ငြိမ်ငြိမ်လေးလိုက်လာသည်။

နာရီ၀က်လောက်မောင်းပြီးသောအခါ ဘုရားရှိခိုးကျောင်းသို့ရောက်လာသည်။

" အစ်ကိုယွန်းဂီ ဒီကိုရောက်ဖူးလို့လား..ဒီနေရာကိုဘယ်လိုသိတာလဲ "

" ရောက်ဖူးတာမဟုတ်ဘူး နေဖူးတာ "

" ဗျာ "

" ဒီနေရာလေးကကိုယ့်အိမ်ဖြစ်ခဲ့ဖူးတယ် "

ကင်မ်ထယ် သေချာကြည့်မိမှ ပန်းချီပြခန်းတုန်းက အိမ်ဆိုသောပန်းချီထဲက ဘုရားရှိခိုးကျောင်းလေးနဲ့တစ်ပုံစံထဲပင်ဖြစ်သည်။

" ယွန်း..ယွန်း မဟုတ်လား "

အသံလာရာလှည့်ကြည့်မိတော့ အသက်ကြီးကြီး စစ္စတာကြီးတစ်ယောက်။

" ဟုတ်ပါတယ် မေမေကြီး "

" မေမေကြီးနေကောင်းလား "

" ကောင်းပါတယ်ကွယ် အထဲကိုလာယွန်း "

အစ်ကိုယွန်းဂီကသူ့ကိုပါလှည့်ပြီးခေါ်လိုက်တာကြောင့် ကင်မ်ထယ်အနောက်ကနေလိုက်သွားလိုက်သည်။

My Sweetest CaffeineWhere stories live. Discover now