Part : 16 ☕

1.8K 226 1
                                    

" အစ်ကိုယွန်းဂီ "

ညတိုင်းသူ့ဆီလာမည်ဟုသံဓိဌာန်ချထားသလားမသိသော ပွယောင်းယောင်းကောင်လေး။ ဒီနေ့ပုံစံကတော့ အထုပ်အပိုးအပြည့်ဖြင့်။ 

" အစ်ကိုယွန်းဂီအခန်းကို ထယ့်ကိုငှားနော်..ထယ်အခုတစ်ခါတည်းပြောင်းလာတော့မယ် "

ခွင့်တောင်းသလိုလိုနဲ့ ချည်ပြီးတုတ်ပြီးပြောလိုက်သောကောင်လေးကြောင့် ယွန်းဂီရီချင်သွားသည်။ 

" လာ လိုက်ခဲ့ "

" အစ်ကိုယွန်းဂီ အခန်းခက.."

" ပေးဖို့လိုအပ်တဲ့အခါပြောမယ်..အခုတော့ဒီမှာအေးဆေးနေ..လိုအပ်တာရှိရင်လည်းပြောပေါ့ "

ဘယ်လိုကြီးပါလိမ့်။ ရေခဲမင်းသားလေးက ဒီလိုသဘောကောင်းနေပုံထောက်ရင် သူ့ကိုကြီးတစ်ခုခုဝင်ပါထားပြီဆိုတာ ကင်မ်ထယ်ရိပ်မိလိုက်သည်။ အစကတည်းက တိုက်ဆိုင်လွန်းပါလားလို့တော့တွေးမိသား။

" ဟင်..အဲ့လိုကြီးဆိုရင်တော့ ထယ်မနေချင်ဘူး..သွားတော့မယ် "

တမင်ကြပ်ချင်တာကြောင့် ကင်မ်ထယ်ထွက်သွားမည့်ဟန်ပြုလိုက်တော့ အဖြူအရောင်လူသားလေးက လှုပ်လှုပ်ခတ်ခတ်ဖြစ်ကာ လက်ကိုလှမ်းဆွဲသည်။ 

" အဲ့ဒါဆိုလည်း ဆိုင်မှာ Delivery လိုက်ပို့ပေး..မင်းမှာဆိုင်ကယ်ရှိတယ်မလား "

ယွန်းဂီရုတ်တရက် အကြောင်းပြစရာရှာရင်းက ကင်မ်ထယ့်ဆိုင်ကယ်ကိုလှမ်းမြင်လိုက်သောကြောင့် ပါးစပ်ထဲရှိရာပြောလိုက်ခြင်းဖြစ်သည်။ အမှန်တော့ သူ့ဆိုင်တွင်ဘာ Delivery မှ ပို့စရာမရှိ။ 

အစ်ကိုဂျင်ကမသွားခင်တဖွဖွအကူအညီတောင်းလွန်းလို့သာ ယွန်းဂီသဘောတူလိုက်ရသော်လည်း အခုချက်ချင်းပင်နောင်တရချင်သလိုဖြစ်သွားသည်။

" အိုကေ cool "

ကောင်လေးကတော့ကျေနပ်သွားဟန်ဖြင့် စတွေ့တုန်းကလို အသည်းပုံနှုတ်ခမ်းပေါ်အောင်ရီပြနေတော့သည်။  

#...☕...#

" ဂျီမင်း ဂျီမင်း ငါ့သူငယ်ချင်းလေး "

ဂျီမင်း စိတ်တွေရှုပ်ထွေးလွန်းလို့ ဆိုင်ကိုစောစောလာခဲ့ကာမှ အူမြူးနေတဲ့ထယ်ထယ်နဲ့လာတိုးနေသည်။

My Sweetest CaffeineWhere stories live. Discover now