Part : 8 ☕

2.2K 273 7
                                    

" Ugh Ugh Ugh ဟဲရာ Ugh "

အိပ်ရေးမဝသေးချိန်ကြားလိုက်ရသောဖုန်းမြည်သံ။ 

" ဘယ်သူလဲကွာ "

ကင်မ်ထယ်မျက်လုံးမှိတ်ထားရင်းကပဲ ဖုန်းကိုဖြေလိုက်သည်။ 

" အစ်ကိုထယ်ထယ် ဒီနေ့အားလား " 

" အားရင်သင်တန်းကိုလာခဲ့ဦး..ဂျီမင်းအလုပ်လုပ်နေတဲ့ဆီသွားရအောင် "

သူမေးတာကိုမဖြေဘဲ ပြောချင်တာတွေဆက်တိုက်ပြောနေထဲက ကုကုမှန်းသူသိလိုက်သည်။ 

" နေဦးကွာ မနိုးသေးဘူး၊ နိုးရင်လာမယ် "

" ဆက်ဆက်လာခဲ့နော်၊ ကျနော်စောင့်နေမှာ " 

" အေး "

ဒီလောက်ချော့မော့ပြောနေပုံထောက်ရင် ဒီကောင်လေးဂျီမင်းကြောင့်နဲ့ တစ်ခုခုဖြစ်နေတာ သေချာနေပြီ။ 

ဂျောင်ကုက ဂျီမင်းအနားကို ဘယ်သူမှကပ်တာမကြိုက်သော်လည်း ကင်မ်ထယ်ကတော့ခြွင်းချက်ဖြစ်သည်။ 

ဂျီမင်းနှင့်ကင်မ်ထယ်တို့ အလယ်တန်းကျောင်းသားဘဝတွင် သူငယ်ချင်းများဖြစ်ခဲ့ကြသည်။

ထိုအချိန်ထဲက သူ့ကိုဘုကြည့်ကြည့်ပြီး ဂျီမင်းအနားမှာပီကေလေးလိုကပ်နေသော ဂျောင်ကု၏ခံစားချက်များကို ကင်မ်ထယ်ရိပ်မိခဲ့သည်။ ပွင့်ပွင့်လင်းလင်းဖွင့်မေးကြည့်တဲ့အခါ ဂျောင်ကုကတည်ငြိမ်စွာပဲဝန်ခံခဲ့သည်။ ထိုအချိန်မှစ၍ ကင်မ်ထယ်နှင့်ဂျောင်ကုတို့ နားလည်မှုရခဲ့ကြသည်။

ကင်မ်ထယ်ကိုယ်တိုင်ကလည်း ဂျောင်ကုကဲ့သို့ပင် ယောကျာ်းလေးချင်းချင်းသာစိတ်ဝင်စားသူဖြစ်သည်။ သို့သော်ကုကုလို သူတကယ်ချစ်ရတဲ့သူကိုတော့ အခုအချိန်ထိမတွေ့သေးပါ။ 

#...☕...#

ဂျီမင်းကျောင်းနားပြီးနောက်ပိုင်း သူတို့လူချင်းသိပ်မတွေ့ဖြစ်တော့ဘဲ online ကနေအဆက်အသွယ်လုပ်ကြတာများသည်။ 

ဂျီမင်းအချိန်ပိုင်းအလုပ်လုပ်နေသည့်အကြောင်းကိုသိထားသော်လည်း သေချာမမေးကြည့်ဖြစ်သေး။

" ကုကုတော့ ဘာတွေဂျေကိုက်နေပြန်ပြီလည်းမသိဘူး "

ကင်မ်ထယ် တွေးရင်းဖုန်းခေါ်လိုက်သည်။ 

My Sweetest CaffeineWhere stories live. Discover now