Part : 47 ☕

1.5K 161 12
                                    

ယွန်းဂီအိပ်နေရင်း ကင်မ်ထယ်ရှိရာဘက်သို့ လှမ်းဖက်လိုက်သောအခါ လက်ကပြုတ်ကျသွားသည်။ သူချက်ချင်းမျက်လုံးဖွင့်ကြည့်လိုက်တော့ မွေ့ယာပေါ်တွင် ကင်မ်ထယ်ရှိမ‌နေပါ။

အချိန်က မနက် ၄:၄၅။

ကင်မ်ထယ်က ဘယ်လောက်ပဲအလုပ်များများ ညဘက်သာအပြန်နောက်ကျတတ်ပြီး မနက်အစောကြီးထသွားရတာမျိုးမရှိပါ။

ယွန်းဂီတစ်အိမ်လုံးအနှံ့နှင့် အောက်ထပ်တွေမှာပါလိုက်ရှာကြည့်လိုက်သော်လည်း အရိပ်အယောင်ပင် မတွေ့ရပါ။

ယွန်းဂီဖုန်းဆက်ကြည့်ဖို့ ဖုန်းကိုယူလိုက်သောအခါ သူ့ဖုန်းရဲ့အရှေ့မျက်နှာပြင်တွင် ကတ်ထားသော စာရွက်အပိုင်းကိုတွေ့လိုက်ရသည်။

" ကိုကို စိတ်မပူဘဲ စောင့်နေပါ "

စိတ်မပူနဲ့ဆိုမှယွန်းဂီပိုပြီးစိတ်ပူသွားမိသည်။ မနေ့ညကကိစ္စကို ချက်ချင်းသူ့စိတ်ထဲထင့်သွားမိသည်။

" ထယ်စိတ်ညစ်ပြီးထွက်သွားတာများလား "

ကင်မ်ထယ့်ဖုန်းကိုအဆက်မပြတ်ခေါ်လိုက်သော်လည်း ဆက်သွယ်၍မရနိုင်ပါဆိုသောအဖြေကလွဲ၍မကြားရပါ။

မနေ့ညကသူဖြစ်ချင်တာတွေကိုအရင်ပြောမိခဲ့တဲ့အတွက် ယွန်းဂီကိုယ့်ကိုယ်ကိုယ်ချက်ချင်းပဲအပြစ်တင်မိတော့သည်။ အမှန်ဆိုသူကအကြီးပဲ၊ ကလေးဖြစ်ချင်တာကိုသူစိတ်ရှည်ရှည်နဲ့အရင်မေးခဲ့သင့်တာ‌။

" ဘာမှမဟုတ်လောက်ပါဘူး စိတ်မပူနဲ့လို့မှာခဲ့တာပဲ..ဟုတ်တယ် အတွေးတွေမလွန်စမ်းနဲ့ "

ယွန်းဂီဆောက်တည်ရာမရဖြစ်လာသောစိတ်တို့ကိုအရင်ငြိမ်အောင်ထိန်းလိုက်သည်။ ထို့နောက် မနက်မိုးလင်းတာနဲ့ ကင်မ်ထယ့်ကုမ္ပဏီဘက်ကိုထွက်လာလိုက်ပါ‌တော့သည်။

တစ်ခါမှမရောက်ဖူးတာကြောင့် ယွန်းဂီယောင်လည်လည်ဖြစ်ကာ reception တွင်အရင်ဆုံးမေးလိုက်သည်။

" ထယ်..အဲ ဒီက သူဌေးလေးကင်မ်ထယ်နဲ့တွေ့ချင်ရင်ဘယ်ကိုသွားရမလဲ "

" ချိန်းထားတာရှိပါသလားရှင့် "

" မရှိပါဘူး..ဒါပေမယ့်အစ်ကိုနာမည်ပြောကြည့်ပေးပါ ယွန်းဂီပါ "

My Sweetest CaffeineWhere stories live. Discover now