Part : 28 ☕

1.5K 188 10
                                    

" page ဖွင့်ဖို့ဆိုဆိုင်နာမည်ရှိမှရမှာ "

" အစ်ကိုယွန်းဂီ စဉ်းစားပါဦး "

" အင်း ကုကု "

ဂျီမင်းရဲ့ ကုကုခေါ်ချက်‌အောင်မြင်သည်မှာ အခုအစ်ကိုယွန်းဂီကပါ ကုကုဖြစ်သွားသည်။

" Menu ဒီဇိုင်းကိုကျနော်ကိုယ်တိုင်ဆွဲပေးထားတာနော်..အဲ့တော့ ဒီထဲမှာပါတာတွေအကုန် အလကားကျွေးရမှာ "

" အဟက် အေးပါကွာ "

ဂျောင်ကုအခုတော့လည်း အစ်ကိုယွန်းဂီကို အစ်ကိုထယ်ထယ်ကဲ့သို့ပင် ခင်မင်သွားပြီဖြစ်သည်။

" ရပါပြီ ကောင်းမကောင်းဝေဖန်ပေးကြပါဦး "

Chocolate Mousse Cake နဲ့ စတော်ဘယ်ရီဖျော်ရည်ခွက်ကိုကိုင်ကာထွက်လာကြသော ကင်မ်ထယ်နှင့်ဂျီမင်း။

" Cake ကထယ့်လက်ရာ..ဖျော်ရည်ကဂျီမင်း "

" အား ဖျော်ရည်လေးကကောင်းလိုက်တာ..ယောဘို‌ဖျော်ထားလို့နေမယ်နော် "

" ကုကု ဘယ်လိုဖြစ်နေ.."

" စောင်အတွဲနော်..တွဲနေမှန်းဒီလိုမျိုးသိသာနေအောင်လုပ်ပြမှဖြစ်မှာလား "

ဂျီမင်းတားလို့မပြီးခင်မှာပင် ကင်မ်ထယ်ကအားရပါးရကျိန်ဆဲတော့သည်။ ‌ဂျီမင်းနဲ့ဂျောင်ကုတို့ အဆင်ပြေသွားတော့ ကင်မ်ထယ်အပျော်ကြီးပျော်ခဲ့ရသော်လည်း အကဲပိုလွန်းသောကုကုကြောင့် အခုတော့အမြင်တွေကပ်နေရပြီဖြစ်သည်။

" ဘာဖြစ်လဲ ဘာဖြစ်လဲ..အားကျရင် အဖြစ်ရှိအောင်လုပ်ပေါ့ နော့် အစ်ကိုယွန်းဂီ "

" ကု ကု "

အစ်ကိုယွန်းဂီကပြုံးပြုံးလေးဖြင့် cake ကိုသာစားနေသည်။

ဂျီမင်းနဲ့ကုကုတို့တွတ်ထိုးနေစဉ် အစ်ကိုယွန်းဂီက သူ့အနားကိုအသာတိုးလာပြီးလေသံတိုးတိုးလေးဖြင့်

" ကိုယ်ကတော့ ထယ့် cake လေးကိုပိုကြိုက်တယ် "

မရတော့ပါ။ ဒီလူကြီးကိုမြန်မြန်အပိုင်သိမ်းပြီး ကုကုတို့ထိုင်ငိုသွားအောင်ချစ်ပြမှဖြစ်တော့မည်။

#...☕...#

" ကိုကြီး တကယ်ပြန်လာမှာလား "

My Sweetest CaffeineWhere stories live. Discover now