Part : 30 ☕

1.6K 189 5
                                    

ချစ်သူရဲ့အိပ်ပျော်နေသောမျက်နှာလေးကိုကြည့်ပြီးနိုးထရသောမနက်ခင်းတိုင်းဟာ ဂျောင်ကုအတွက်တော့ နိုးနေရင်းမက်ရသောအိပ်မက်‌လေးလိုပင်။

အရင်ကလို ပါးဖောင်းဖောင်းလေးကို ဖိကပ်ကာခိုးနမ်းလိုက်‌တော့ အိပ်ချင်ယောင်ဆောင်နေသော ပေါင်မုန့်လုံးလေးက ပြုံးတုံ့တုံ့လုပ်နေသည်။

" ဟိတ် နိုးနေရင်ထတော့လေ "

" ခိုးနမ်းမှနမ်းပါ့မလားလို့စောင့်နေတာ "

" ဘာပြောတယ်..ဒါဆိုကျနော်အရင်ကခိုးခိုးနမ်းနေတာတွေသိတယ်ပေါ့ "

" သိသားပဲ "

" ယောဘိုက တမင်လူလည်ကျတာပဲ..အပြစ်ပေးမှဖြစ်မယ် "

ဂျီမင်းရဲ့ကိုယ်လုံးလေးကို သူ့ရင်ခွင်ထဲဆွဲသွင်းလိုက်ပြီး ပါးတွေကိုတရှုပ်ရှုပ်နမ်းလိုက်သည်။ 

" အညစ်အပတ်လေးနော် နိုးတာနဲ့ "

" မကြိုက်ဘူးလား "

" ကြိုက်တယ် "

" အသည်းတွေယားလိုက်တာကွာာာ "

" အ..ခွေးကောင်လေး မကိုက်နဲ့လေ "

ဂျောင်ကုက နှာခေါင်းလုံးလေးကိုခပ်ဖွဖွကိုက်လိုက်တော့ နှာခေါင်းထိပ်လေးမှာ ချက်ချင်းနီသွားသည်။

" အုံဖွ အုံဖွ "

" ဟင် အုံဖွတာက နှုတ်ခမ်းကိုလား "

" တစ်မျက်နှာလုံးကိုအုံဖွမှာ "

ဂျောင်ကုကဂျီမင်းရဲ့မျက်နှာလေးကို နေရာလွတ်မကျန်အောင်နမ်းရှုပ်ရင်း သူတို့မနက်ခင်းလေးကိုစတင်လိုက်ကြသည်။

#...☕...#

ကင်မ်ထယ်ကျောင်းကပြန်ရောက်တော့ ပန်းချီပစ္စည်းတွေယူပြီးဆိုင်ပြင်ထွက်လာသော ယွန်းဂီနှင့်တွေ့သည်။

" ထယ်..လမ်းကြားလေးကနံရံမှာပန်းချီတွေပြန်ဆွဲမလို့ ထယ်ရောလိုက်ချင်လား "

" လမ်းကြားထဲမှာဆွဲထားတာအစ်ကိုယွန်းဂီပဲလား "

" အင်း ဟုတ်တယ် "

" ဒါဆို စွန်လွှတ်နေတဲ့ကလေးလေးပုံက "

" ဟုတ်တယ်..ကိုယ့်ရဲ့.. "

My Sweetest CaffeineDonde viven las historias. Descúbrelo ahora