Part : 12 ☕

1.9K 239 5
                                    

မနက်ဖြန်ကုကုမွေးနေ့ဖြစ်တာကြောင့် ဒီနေ့ည 12 နာရီအတိမှာ surprise လုပ်ပေးဖို့ ဂျီမင်းတစ်ယောက်ထဲကြံစည်ထားရင် ပျော်နေမိသည်။ 

ကိတ်ဝယ်ဖို့အတွက် အစ်ကိုယွန်းဂီကိုကြိုခွင့်တောင်းပြီး ဒီနေ့နာရီဝက်စောပြန်လိုက်သည်။ 

ကုကုကဒီနေ့သူ့အဖေခိုင်းတာရှိလို့မအားတာနဲ့ကွက်တိဖြစ်သွားသည်။ 

ကုကုဖုန်းတွေဆက်နေမှာစိုး၍ ဖုန်းကိုလည်းစက်ကြိုပိတ်ထားလိုက်သည်။

တစ်ခါတစ်ခါ ကုကုက ဂျစ်ကန်ကန်နဲ့ပြောရဆိုရခက်သော်လည်း သူ့အပေါ်ကိုအနွံတာခံသည်။ သူ့မျက်နှာကိုတစ်ချက်မှအညိုးမခံတတ်သူဖြစ်သည်။ ငယ်ပေါင်းကြီးဖော်လည်းဖြစ်တာကြောင့် သူကုကုကို သူငယ်ချင်းလိုတစ်မျိုး ညီငယ်လေးလိုတစ်မျိုးခင်တွယ်ရသည်။ 

#...☕...#

ဂျောင်ကုရင်ထဲမှာဗလောင်ဆူနေသည်။ 

သူ့အဖေခိုင်းတာပြီးတာနဲ့ ဂျီမင်းဆီဖုန်းဆက်တော့ဆက်သွယ်လို့မရပေ။ အစ်ကိုထယ်ထယ်ဆီဖုန်းဆက်ကြည့်တော့ အစ်ကိုယွန်းဂီဆီမှာသူရောက်နေကြောင်း၊ ဂျီမင်းနာရီဝက်စောပြန်သွားကြောင်းပြောသည်။ သင်တန်းမှာလည်းမရှိ။ အိမ်ကိုလည်းပြန်မရောက်သေး။ 

အခု သူကားဂိတ်မှာထိုင်စောင့်နေတာ 12 နာရီထိုးခါနီးလို့ နောက်ဆုံးကားတောင်သိမ်းသွားပြီဖြစ်သည်။ 

ဂျောင်ကုရင်ထဲဆို့ပြီး ငိုချင်သလိုပင်ဖြစ်လာသည်။ ရပ်ကွက်ထဲမှာတွေ့မလားလို့ လျှောက်ရှာနေရင်းက ဂျောင်ကုတို့အိမ်ရှေ့နားမှာ ရပ်နေတဲ့လူတစ်ယောက်ကို လှမ်းတွေ့လိုက်ရသည်။ 

နောက်ကျောကမြင်ရရုံနဲ့တင် ဂျီမင်းမှန်းသူသေချာသိလိုက်သည်။ 

ဂျီမင်းကိုမြင်လိုက်ကာမှ ဂျောင်ကုခံစားချက်တွေပိုပြင်းထန်လာကာ အနောက်ကနေပြေးဖက်လိုက်မိသည်။

" အင့် "

ဂျီမင်းလန့်သွားချိန် ကုကုရဲ့ငိုမဲ့မဲ့အသံလေးကဆက်တိုက်ထွက်လာသည်။ 

" ခင်ဗျားတော်တော်မကောင်းတဲ့လူပဲ "

" ဘာလို့ဖုန်းကိုပိတ်ထားတာလဲ "

My Sweetest CaffeineWhere stories live. Discover now