Part : 40 ☕

1.5K 171 0
                                    

ကင်မ်ထယ် စာမေးပွဲပြန်ဖြေရန်တဖြေးဖြေးနီးကပ်လာသောကြောင့် ယွန်းဂီက နေ့ခင်းဘက်တွေမှာဆိုင်ကိုပေးမဆင်းတော့ပါ။ ညပိုင်းတွေလည်း ကင်မ်ထယ့်အခန်းတွင် စာလုပ်တာကိုထိုင်စောင့်ပေးသည်။ 

" ထယ် ဒါကဘယ်လဲ "

" အိပ်ချင်လာလို့ " 

" ဒီမှာ အိပ်ချင်ပြေအောင်လို့ ကော်ဖီဖျော်ပေးထားတယ် "

ယွန်းဂီကသူကိုယ်တိုင်လည်းကော်ဖီသောက်ကာထိုင်စောင့်ရင်းပြောလိုက်သည်။

" ထယ်မှကော်ဖီမကြိုက်တာ "

" ချိုချိုလေးဖျော်ထားတယ်သောက်ကြည့်ဦး "

ကင်မ်ထယ်က ရုတ်တရက်အနီးကပ်လာပြီးယွန်းဂီပေါင်ပေါ်ခွထိုင်လိုက်သည်။

" မှောက်ကုန်မယ် ထယ် "

ယွန်းဂီလက်ထဲမှကော်ဖီခွက်ကိုယူကာ ကင်မ်ထယ်က ဘေးကခုံပေါ်သို့တင်လိုက်သည်။

" ကဲ..ဒါကဘယ်လိုဖြစ် "

" ကော်ဖီသောက်မလို့လေ "

" ကော်ဖီကဘူးထဲမှာ "

" ဟင့်အင်း.. "

ကင်မ်ထယ်က ကော်ဖီနံ့‌မွှေးနေသော ယွန်းဂီရဲ့နှုတ်ခမ်းလေးကို အားရပါးရစုပ်လိုက်သည်။ ယွန်းဂီက မကျေနပ်ဟန်ဖြင့် သူ့ရင်ဘက်ကိုတွန်းကာ ရန်တွေ့ဖို့လုပ်သည်။

" စာလုပ်ပါဆို .. အင့် .. ထယ် .. ဘယ်လို .. ဖြစ် "

ကင်မ်ထယ်က ရန်တွေ့နေသောနှုတ်ခမ်းစူစူအား အတင်းလိုက်နမ်းတော့သည်။ ယွန်းဂီကရုန်းလေ ကင်မ်ထယ်ကအလွတ်မပေးချင်လေဖြစ်ကာ ရရာနေရာမှန်သမျှလိုက်နမ်းနေသည် ။

ထို့နောက်ရုန်းကန်နေသောယွန်းဂီရဲ့မျက်နှာလေးကို လက်ဖဝါးနှစ်ဖက်ဖြင့်အုပ်ကိုင်လိုက်သည်။

" မချစ်ဘူးလား "

ယွန်းဂီကပြန်မဖြေပါ။

" မဖြေရင်မဆင်းတော့‌ဘူး "

" ချစ်တယ် "

" တိုးတိုးလေး..မကြားရဘူး "

" ချစ်တယ်ဆိုနေ "

" ချစ်ရင်ပြန်နမ်းနော်..ပြီးရင်ထယ် ကိုကို့စကားနားထောင်မယ်လေ "

My Sweetest CaffeineWhere stories live. Discover now