Part : 15 ☕

1.8K 230 4
                                    

ဂျောင်ကုဆီက Message ရရခြင်း ကင်မ်ထယ် ထခုန်မတတ်ပင်ပျော်သွားသည်။ 

ကံတရားကသူ့ကို ဒီလိုမျိုးလိုလိုလားလား ကူညီပေးတယ်တဲ့လား။

အိမ်ပေါ်ကဆင်းမည်ဆိုရင်တောင် အထုပ်တွေတော့ယူရဦးမှာမလို့ ကိုကြီးပြန်မရောက်သေးမယ့်အချိန်ကိုမှန်းကာ သူအိမ်ပြန်လာလိုက်သည်။ 

" ထယ်..ခဏလာထိုင်ဦး "

ကံဆိုးချင်တော့ဧည့်ခန်းထဲမှာ မိန့်မိန့်ကြီးထိုင်နေတဲ့ကင်မ်ဆော့ဂျင်။ 

" ထယ် ကိုကြီးတောင်းပန်ပါတယ်..မနေ့ကကိုကြီးဒေါသထွက်လို့.."

" ရပါတယ်..ထယ်လည်းတောင်းပန်ပါတယ်..ဒါပေမယ့် ထယ့်ကိုမဖြောင်းဖြပါနဲ့..ကိုကြီးနဲ့မလိုက်နိုင်ဘူး "

" ကိုကြီးမနက်ဖြန်သွားတော့မယ်ထယ်..မနက်ကမေမေလေးထပ်ပြီးဆက်သွယ်လာတယ်..ဖေကြီးကိုဆေးရုံတင်လိုက်ရတယ်တဲ့..ထယ် ဆုံးဖြတ်ချက်က တကယ်သေချာပြီလား "

ကင်မ်ထယ်ရင်ထဲမှာစူးခနဲဖြစ်မိသည်။ သို့သော်နာကျည်းစိတ်များကချက်ချင်းပင် ပြန်၍ဖုံးလွှမ်းသွားသည်။

" သေချာပြီကိုကြီး "

" ပြီးတော့ထယ်အိမ်မှာမနေတော့ဘူး..ထယ်လည်းအရွယ်ရောက်နေပြီပဲ ကိုကြီးပြောသလို ကိုယ့်ဘာကိုယ်ရပ်တည်သင့်နေပါပြီ "

" ထယ်ရယ်..ကိုကြီးကစိတ်ဆိုးလို့..."

" ထယ်အရွဲ့တိုက်ပြီးပြောတာမဟုတ်ပါဘူး..တကယ်ပြောတာပါ "

" ကောင်းပါပြီ..ဒါပေမယ့် ကိုကြီးထယ့်ကို တစ်ယောက်တည်းပစ်ထားခဲ့တာမဟုတ်ဘူးဆိုတာတော့ထယ်ယုံပါ..အဆက်အသွယ်လည်းမဖြတ်နဲ့နော်ထယ် "

" ဟုတ် "

ဒီလိုအေးစက်စက်နှုတ်ဆက်စကားတွေ ကိုကြီးနဲ့ပြောရလိမ့်မယ်လို့ ကင်မ်ထယ်စိတ်ပင်မကူးဘူးချေ။ တကယ်တစ်ယောက်တည်းကျန်ခဲ့ရတော့မည်ဆိုသည့်အသိက ကင်မ်ထယ့်ကို လုံလောက်စွာတုန်လှုပ်စေခဲ့သည်။

#...☕...#

မနေ့ညကအဖြစ်အပျက်ကြောင့် ဂျောင်ကု ဂျီမင်းဆီလာဖို့ခြေတုန်လက်တုန်ဖြစ်ကာ ဆိုင်ရှေ့နားတွင် ခေါက်တောက်ခေါက်ပြန်လျှောက်နေမိသည်။ 

My Sweetest CaffeineDonde viven las historias. Descúbrelo ahora