Part : 13 ☕

1.8K 223 0
                                    

" ထယ် "

အိမ်ထဲဝင်ဝင်ချင်းပင် ကိုကြီးရဲ့အသံကိုကြားလိုက်ရသည်။

" ကိုကြီး.."

" ဘာတွေပဲဖြစ်ဖြစ် အိမ်ကိုတော့ပြန်လာဖို့ကောင်းတာပေါ့ "

" ဟို..ထယ် ဘယ်မှလျှောက်မသွားပါဘူး... "

" မနက်ကဆရာယွန်း ဖုန်းဆက်တယ်..ထယ်တို့ဖြစ်ခဲ့တာတွေလည်း ဘိုဂွန်းဆီကနေ ကိုကြီးအကုန်ကြားပြီးပြီ..ထယ်တို့ဘက်ကမလွန်ဘူးဆိုတာ‌တော့သိပါတယ်..ဒါပေမယ့် ထယ်တို့ဆိုင်ကယ်အဖွဲ့ကို ဒီလောက်နဲ့ပဲ ရပ်လိုက်စေချင်ပြီ "

" ဟာ..ကိုကြီးကလည်း..ဒါကအခန့်မသင့်လို့ပါ..နောက်ပြီးကိုကြီးလည်းရှိနေတာပဲ "

" နောက်ဆို ကိုကြီးကာကွယ်ပေးဖို့ကမလွယ်တော့ဘူးထင်တယ် ထယ် "

" ကိုကြီးပြောတာသေချာနားထောင်နော်..လွန်ခဲ့တဲ့ တစ်ပတ်ထဲက မေမေလေး ဆက်သွယ်လာတယ်..ဖေကြီးကျန်းမာရေးအခြေအနေမကောင်းဘူးတဲ့..ကိုကြီးတို့ဒီလောက်နဲ့ပဲ ဖေကြီးနဲ့သွားနေဖို့ကောင်းပြီထင်တယ်..ထယ်လည်းလိုက်ခဲ့ဖို့..."

" မလိုက်ဘူး ! ဟက် ကျန်းမာရေးမကောင်းရင် ဟိုကသူ့သားသမီးတွေကြည့်မှာပေါ့ ထယ်တို့ကိုမလိုပါဘူး "

" မဟုတ်သေးဘူး ထယ်..တကယ်လို့များ ဖေကြီးတစ်ခုခုဖြစ်ခဲ့ရင် ထယ်ပဲနောင်တရနေမှာစိုးလို့ပါ "

" ထယ့်အတွက်တော့ ၇နှစ်သားထဲက ဖေကြီးကသေပြီးသားပဲ "

" ကင်မ်ထယ် !!! မင်းစကားကိုဘယ်လိုပြောလိုက်တာလဲ..အေး မင်းမလိုက်လည်း ငါသွားမယ်..ကိုယ့်ဘာသာကိုယ်ရပ်တည်ပြီးသာနေခဲ့ "

" ရတယ် ရတယ်.. နောက်ဆုံးတော့ကိုကြီးလည်းဖေကြီးအတိုင်းပဲ ထယ့်ကိုထားခဲ့မှာပဲ..သွားကြ ထယ့်အတွက်ဘယ်သူမှမလိုဘူး "

" ထယ်..အဲ့လိုမဟုတ်..."

ကင်မ်ဆော့ဂျင်လည်း ဒေါသကြောင့်ပြောလိုက်ပြီးမှ ချက်ချင်းစိတ်မကောင်းဖြစ်သွားသည်။ ကင်မ်ထယ်ကတော့ ဆိုင်ကယ်ပေါ်ပြေးတက်ကာထွက်သွားလေပြီ။

#...☕...#

ဆိုင်သိမ်းပြီးတော့ ယွန်းဂီလေညှင်းခံရင်းလမ်းလျှောက်ထွက်လာလိုက်သည်။

My Sweetest CaffeineDonde viven las historias. Descúbrelo ahora