Part : 7 ☕

2.4K 269 0
                                    

ကင်မ်ထယ် ခြေကိုဖော့နင်းကာ အိမ်ထဲသို့ဝင်လိုက်သည်။

အချိန်က မနက်၄နာရီ။ ခဏနေ ကိုကြီးအိပ်ယာထတော့မယ်ဆိုတာသိပေမယ့် သူကြောင့်တော့ မနိုးစေလို။ 

" ထယ် အခုမှ ပြန်ရောက်တာလား? "

ကိုကြီးကကော်ဖီခွက်ကိုင်ရင်း အပေါ်ထပ်မှလှမ်းမေးလိုက်သည်။

" ဟုတ်ကိုကြီး..ဒီနေ့အစောကြီးနိုးနေပါလား " 

ကိုကြီးနိုးလာတာနဲ့ အရင်ဆုံးလုပ်သည်မှာ ကော်ဖီနှပ်ခြင်းပင်ဖြစ်သည်။ နိုးနိုးခြင်း ကော်ဖီခါးခါးမှမသောက်ရရင် သူစိတ်မကြည်ပါ။ ကင်မ်ထယ်ကတော့ အခါးဆိုလုံးဝမကြိုက်။ ငယ်ငယ်ထဲက ချိုပေ့ဆိုတာလေးတွေပဲ‌ရွေးစားတတ်သည်။ 

ကိုကြီးနှင့်သူမတူတာတွေကတော့ ပြောလို့ပင်ကုန်နိုင်မည်မဟုတ်ပါ။ သို့သော်သူတို့ညီအစ်ကိုနှစ်ယောက်က တစ်ယောက်ကိုတစ်ယောက် နားလည်မှုအပြည့်ရှိကြသည်။ 

" အင်း..ကိုကြီးအလုပ်နည်းနည်းရှိလို့ "

" ဟုတ်..ထယ်အိပ်တော့မယ်နော် "

အမှန်တော့ ကင်မ်ဆော့ဂျင်အလုပ်ကြောင့်စောစောနိုးနေခြင်းမဟုတ်ပါ။ ညထဲကကောင်းကောင်းအိပ်မပျော်ခြင်းဖြစ်သည်။ ဒီလိုဖြစ်နေတာ လွန်ခဲ့တဲ့တစ်ပတ်က မေမေလေးဆီမှအဆက်အသွယ်ရပြီးထဲဖြစ်သည်။ 

" ဆော့ဂျင် အခုနောက်ပိုင်း ဖေကြီးရဲ့ကျန်းမာရေးက အခြေအနေမကောင်းဘူး " 

" သားကြီးနဲ့သားငယ်တို့ ဒီထက်နောက်မကျခင် ဖေကြီးအနားမှာ လာနေပါတော့ " 

" ဖေကြီးက ပါးစပ်ကသာထုတ်မပြောပေမယ့်သားတို့ကိုမျှော်နေရှာတယ် "

မေမေလေးက သူတို့ညီအစ်ကိုအတွက် မိထွေးဖြစ်သော်လည်း သူတို့အပေါ် မေတ္တာစစ်မှန်ရှာသည်။ ဒါပေမယ့် ထယ့်အတွက်တော့ ဖေကြီးကိုလုယူသွားသည့်မိန်းမတစ်ယောက်အပြင်မပိုပါ။ 

မေမေလေးက ဖေကြီး၏အချစ်ဦးဖြစ်သည်။ မေကြီးဆုံးပြီး ထယ့်အသက် ၇ နှစ်အရွယ်ရောက်တော့ ဖေကြီးက မေမေလေးရှိသည့် အမေရိကကိုလိုက်သွားသည်။ သူတို့ညီအစ်ကိုနှစ်ယောက်ကိုပါ အပါခေါ်သွားဖို့ကြိုးစားခဲ့ပေမယ့် ထယ့်ကြောင့်လက်လျှော့ခဲ့ရသည်။

My Sweetest CaffeineOn viuen les histories. Descobreix ara