Intro....Zan Lin Khit

3.6K 111 0
                                    

စျာန်လင်းခေတ်

" ဟဲ့ စျာန်လင်းခေတ် ထတော့လေ ၅နာရီခွဲနေပြီ"

စျာန်လင်းခေတ် အိပ်မှုံစုံဖွားနဲ့မထချင်ပဲ ငြီးကာ ဆက်အိပ်နေလိုက်သည်
ဒေါ်ခင်မြရီ အဖတ်မလုပ်ပဲ အိပ်နေတဲ့ မိမိသားကို
ဒေါသထွက်လာကာ အခန်းထဲဝင်ပြီ ခြင်ထောင်ကြိုးတွေ ကိုယ့်ဟာကိုယ် ဆွဲဖြုတ်လိုက်တော့သည်

ထိုအခါမှ စျာန်လင်းခေတ် မျက်လုံးလေးပွင့်လာကာ

"မေမေကလဲသားက နောက်ကျမှ အိပ်ရတာကို"
ထိုအခါ ခြင်ထောင် တွေခေါက်နေသောအမေက

"ဟဲ့ ၅ခွဲနေပြီလေ နင်နော် ကျောင်းဖွင့်တာ အခုမှ ၆ရက်ပဲရှိသေးတယ် အပျင်းကကြီးလိုက်တာ နေပါဦး နင်ကမနေ့ကနောက်ကျမှ အိပ်ရအောင် နင်ဘာလုပ်နေလို့လဲ"

ထိုအခါမှ စျာန်လင်းခေတ် ခေါင်းကုတ်ကာ တချက်ပြုံးလိုက်ရင်း

"ညကလေ ၁၀ခွဲမှာ Channel 7မှာလာတဲ့ ထိုင်းကားလေ အရမ်းကောင်းတာပဲသိလားမေမေ"

ထိုအခါ ဒေါ်ခင်မြရီ တစ်ယောက် ပြောလေကဲလေ ဖြစ်သောသားဖြစ်သူအား

"အမလေး စာလုပ်လို့အိပ်ယာထနောက်ကျတာမဟုတ်ပဲ ထိုင်းကားကြည့်လို့နောက်ကျတာတဲ့တော့ နင်တော့လေ ၁၀တန်းရောက်နေပြီနော် စျာန်လင်းခေတ် ၁၀တန်း ပေါ့သေးသေးမှတ်မနေနဲ့"

ထိုအခါ စျာလင်းခေတ်လဲ

"မေမေကလဲ ကျောင်းကခုမှဖွင့်တာလေ မေမေသားကို ကျူရှင်ထားနေတာ ၅လပိုင်းကတည်းကလေ မေမေရဲ့ ကျောင်းကခုသင် တာ သားတို့ကျူရှင် ဆီကိုတောင်မရောက်သေးဘူး သိရဲ့လား"

ဒေါ်ခင်မြရီလဲ ကပ်ကပ်လန်ရန်ပြန်ဖြစ်နေသောမိမိသား ကို

"ကြည့် ၅:၄၀ရှိနေပီ နင်ရေတောင်မချိုးရသေးဘူး ခန နေ မင်းချစ်သူ တို့ အောင်စိုးပိုင်တို့လာတော့မယ် နင်တော့နော် သွားသွားခုရေသွားချို့ချေ"

(မင်းချစ်သူဆိုတာ လူနာမည်ပါနော် တမျိုးထင်နေကျမှာစိုးလို့ပါ😁)

စျာန်လင်းခေတ်တစ်ယောက်လဲ ဆူဆောင့်ကာရေချိုးခန်းထဲဝင်သွားတော့သည်

ZARN [SEASON 1] (Completed)Место, где живут истории. Откройте их для себя