Episdoe 35

2.2K 76 4
                                    

Episode 35

" ဟဲ့ နင်သိပြီးပြီလား နွယ်"

သက်မှူးအိမ်က အဆုံးအစမရှိ ပြောလာတာကြောင့် သီရိနွယ်လဲ ကြည့်နေတဲ့ Bio ဖတ်စာအုပ်အားပိတ်လိုက်ကာ

"နင်ကဘာပြောလို့ ငါကဘာသိရမှာလဲ ဟယ် "

"အေးမသိသေးရင်ပြောပြမယ် နင်နဲ့တွဲခဲ့ ဖူးတဲ့ မာန်ဝင့်ထည် လေ"

ထိုယောကျားရဲ့ နာမည်ကိုကြားလိုက်တာနှင့်အတူ သီရိနွယ်ရဲ့ နှလုံးခုန်သံတွေကတဖြည်းဖြည်း မြန်လာလေသည်

ထို့ကြောင့် သက်မှူးအိမ်ရဲ့ တစ်လုံးခြင်းပြောနေသော စကားလုံးများအား မစောင့်နိုင်၍

"အင်းလေ ဘာဖြစ်လဲ"

"နင်တို့နှစ်ယောက် ပြတ်တာ ဘယ်နရက်ရှိပြီလဲ"

"၂ရက်ပဲလေ ဘာလို့လဲ"

"အေး သူကလေ နင့် သူငယ်ချင်း စျာန်လင်းခေတ် နဲ့ တွဲနေကြတာထင်တယ်"

ထိုစကားသည် ကြည်လင်နေသော သီရိနွယ်ရဲ့ စိတ်များအား စတင် အမှောင်ချလိုက်လေတော့သည်

"ဘာပြောတယ် နင့်ဟာက ဟုတ်လို့လားဟယ်"

"ဟုတ်တယ်ဟေ့ မနက်က စျာန်လင်းခေတ် ကသူ့ကို အတန်းထဲက လူတွေရှေ့မှာ ကိုကိုလို့တောင် ခေါ်တယ်ဆိုပဲ"

"....."

* ကိုရယ် လုပ်ရက်လိုက်တာ နွယ့်ကို

ကိုကတကယ်ပဲ နွယ့်ကို ဟန်ဆောင်ချစ်ခဲ့တာသေချာတာပဲ*

နွယ်တစ်ယောက် မျက်နှာပျက်သွားတာအား သက်မှူးအိမ်ကရိပ်မိလာတာကြောင့်

"ဘာပဲဖြစ်ဖြစ်လေ နင်ကံကောင်းတယ်သိလား မဟုတ်ရင် နင့်ရဲ့ ဟိုမရောက်ဒီမရောက်ကောင်ကြီးကြောင့် နင်စိတ်ဆင်းရဲနေ ရလိမ့်မယ်"

"........"

သက်မှူူးအိမ်ရဲ့စကားများအား သီရီနွယ် မကြားယောင်တောင်ပါ စိတ်ထဲတွင် တော့ စျာန်လင်းခေတ် အား မိမိနာကျင်သလို ပြန်နာကျင်အောင်လုပ်ရမည် ဟု ကြိန်းဝါးနေလျက်

********

မာန်ဝင့်ထည် တစ်ယောက် စျာန်လင်းခေတ် အား စာသင်ချိန်တစ်ချိန်လုံး ခုံအောက်မှ လက်လျိုဝင်ကာ စျာန်လင်းခေတ် ရဲ့ ဗိုက်ခေါက်သေးသေးလေးတွေအား ဖျစ်ညှစ်ကာ စနေတာကြောင့်

ZARN [SEASON 1] (Completed)Where stories live. Discover now