Episdoe 45

1.4K 46 1
                                    

" ခဗျားအခန်းကြီးကလဲ ကျွန်တော်တို့ တစ်အိမ်စာလောက်ရှိတယ်"

"ဒါပေါ့ နောက်ဆို ဒီအခန်းထဲမှာ ငယ်ပါအတူနေရတော့မှာ"

ပြတင်းပေါက်ကိုဖွင့်ကာ ပြောလိုက်သော မာန်ဝင့်ထည် ရဲ့စကားကြောင့် စျာန်လင်းခေတ် လဲ

"ဘယ်သူက ခဗျားကို ယူမယ်ပြောလို့လဲ ဟွန့်"

ထိုအခါ မာန်ဝင့်ထည် စျာန်လင်းခေတ် ထိုင်နေသည့် ကုတင်နားသို့ရောက်လာကာ

"Stapler လေးတွေ မသုံးချင်ဘူးနော်ငယ်"

"ဘာကိုလဲ"

စျာန်လင်းခေတ် က ပြန်မေးလိုက်တော့ မာန်ဝင့်ထည် ခါးလေးအနည်းငယ်ကိုင်းကာ စျာန်လင်းခေတ် ရဲ့ နားသပ်အား လေမှုတ်လိုက်ကာ

*ဖူး..*

"ကိုယ့်ကို မယူဘူးလို့ပြောနေတဲ့ ပါးစပ်လေးကို ချုပ်ထားချင်လို့"

"ခဗျားနော် ကြောက်စရာကြီး ဒါနဲ့လေ ခဗျားအခန်းက ဆိုင်ကယ် စီးဝါသနာပါတာလား"

နံရံက ကပ်ထားသော Biker ပုံတွေအား လက်ညိုးထိုးကာ မေးလိုက်သော မိမိချစ်ရသူလေးအား မာန်ဝင့်ထည် ခေါင်းညိတ် ပြလိုက်ကာ

"အစကတော့ ဟုတ်တယ် နောက်ပိုင်းတော့ မဟုတ်ဘူး နောက်ပိုင်း ဖြစ်ချင်တဲ့ ဆန္ဒ ကတော့ ငယ်နဲ့အတူ ရှိနေချင်တာပဲ"

မိမိရဲ့ လက်ကလေးများအား ဆုပ်ကိုင်လာသော မာန်ဝင့်ထည် ကြောင့် စျာန်လင်းခေတ် အလိုလိုတော့ပြုံးမိသွားကာ

"ခဗျားကလေ သိပ်ကိုပိုလွန်းတယ် ဒါနဲ့ ဦးလေး ကဘယ်တော့လာမှာလဲဟင်"

ဦးလေးဆိုတဲ့ နာမ်စားအား သုံးလိုက်တော့ မာန်ဝင့်ထည် မျက်နှာတော့နည်းနည်းပျက်သွားတယ် မိမိမှာတော့ သူလေးရဲ့ မာတာမိခင်အား အမေဟု သုံးပေးသော်လဲ သူ့အလှည့်ကျ သူစိမ်းဆန်သည့်နာမ်စားကိုသုံးလိုက်တာကြောင့်ပင်

"ဘာကိုဦးလေးလဲ ငယ်ရာ ကိုယ့်ဒယ်ဒီကလဲ ငယ့်ရဲ့ ဒယ်ဒီပဲပေါ့"

"အဲ့တာတော့ဟုတ်ပေမယ့် ခဗျားဒယ်ဒီက ကျွန်တော့်တို့နှစ်ယောက်ကို..."

"သဘောမတူမှာဆိုးနေတာလား စိတ်ချ ဒယ်ဒီသဘောမတူဘူးဆိုရင်တောင် ကိုယ်က မင်းဘက်မှာ"

ZARN [SEASON 1] (Completed)Where stories live. Discover now