Episode 50

1.6K 45 5
                                    

*Tinnn*

ရေချိုးပြီးခါစမို့ ခေါင်းသုတ်နေချိန် ဖုန်းမှ ထမြည်လာသော Message သံကြောင့် ဇိုင်းသီဟရှိန် စာကြည့်စားပွဲပေါ်မှ ဖုန်းအားယူကာ ဖွင့်ကြည့်လိုက်တော့ နံပါတ်စိမ်းတစ်ခုမှ မိမိအားစာပို့ထားခြင်းဖြစ်လေသည်

*Unknown Number*

*ငါ မာန်ဝင့်ထည် ငါတို့ ခဏစကားပြောရအောင် ဇိုင်းသီဟရှိန် စျာန်လင်းခေတ် မသိစေနဲ့ ငါခြံပြင်ရောက်နေတယ်*

ဇိုင်းသီဟရှိန် ထိုမက်ဆေ့ကိုမြင်တော့ မျက်မှောင်ကြုတ်ကာ အတွေးများနေမိကာ

"ဒီကောင် သူ့အတိတ်ကအကြောင်းတွေကို ငါ့ကိုဖုံးခိုင်းတော့မယ်တူတယ်"

တစ်ယောက်ထဲ ရေရွတ်နေချိန်

*ဒုန်း*

မိုးခြိမ်း သံနှင့်အတူ မိုးများမှာ စတင်ရွာလေတော့သည် တော်တော့်ကိုသည်းနေသော မိုးကြောင့် ဇိုင်းသီဟရှိန် အပြင်သို့မထွက်ချင်သော်လဲ လာတွေ့သော သူက ခြံရှေ့ပင်ရောက်နေတာကြောင့် T Shirst လိမ္မော်ရောင်လေးအား ဝတ်လိုက်ကာ  ပုဆိုးဖြင့် အပြင်သို့ထွက်ခဲ့လေတော့သည်

အပြင်သို့ထွက်လာရင်း စျာန်လင်းခေတ် တို့ မိသားစုကတော့ TV ကြည့်နေတဲ့ အသံပြင် မိုးတွေရွာနေတာကြောင့် မိမိအားသတိမပြုမူသည်နှင့်တူသည်

ဇိုင်းသီဟရှိန် ခြံရှေ့သို့ထွက်လာတော့ ဆိုင်ကယ် အနက်ရောင်လေး‌ေပါ်တွင် မိုးကာ Jacket အနက်ရောက်အားခြုံကာ ဂျင်းဘောင်းဘီကိုလဲ ဝတ်ထားသော သူကိုတွေ့ရလေသည်

ဇိုင်းသီဟရှိန်  ထိုဆိုင်ကယ်အနီးနားအားသွားလိုက်ကာ

"မိုးရွာနေတယ် မာန်ဝင့်ထည် ပြန်လိုက်တော့ မနက်ဖြန်ကျောင်းရောက်မှ ပြောရအောင်!!"

မှိန်နေသော လမ်းမီးရောင်အောက်တွင် ခေါင်းစွပ်အားခြုံထားသည့်အပြင် Mask အနက်ရောင်အားထပ်မံ့ ဝတ်ထားတာကြောင့် ဇိုင်းသီဟရှိန် နည်းနည်းတော့ ထူးဆန်းသည့်အတွေးဝင်မိတာတော့အမှန်ပင်

"ငါ မင်းကိုတောင်းပန်ပါတယ် ဇိုင်းသီဟရှိန်!"

ထိုလူ့ဆီမှထွက်လာသော စကားသံသည် မိုးသံနဲ့အပြင် Mask ကိုပါအုပ်ထားတာကြောင့်
ဇိုင်းသီဟရှိန် သေချာမကြားရတာကြောင့်

ZARN [SEASON 1] (Completed)Where stories live. Discover now