Episode 52

1.4K 50 10
                                    

Flash Back

သီရိနွယ် ဒီနေ့ကျူရှင်လာတော့ စျာန်လင်းခေတ် ဒီနေ့မလာတာကိုလဲ သိလိုက်ရလေသည်

မာန်ဝင့်ထည် ကိုတော့ ချစ်နေမိသေးပေမဲ့ စျာန်လင်းခေတ် ဆိုတာ မိမိရဲ့ ငယ်ငယ်ကတည်းက ပုခုံးဖက်ပေါင်းလာသော မိမိအချစ်ဆုံး သူငယ်ချင်း ဖြစ်နေတာကြောင့်
စိတ်ပူမိတာတော့အမှန်ပင်

ဟိုနေ့ညက သူတို့သုံးယောက်ရန်ဖြစ်တာကို ခြံထဲမှာစာဖတ်နေရင်း မြင်ခဲ့ပြီးပြီဖြစ်တာကြောင့် မာန်ဝင့်ထည် ဆိုသော သူရဲ့ စိတ်ထားကို ပိုမိုသိရှိလာလေသည်

မာန်ဝင့်ထည် ရဲ့ အခုအခြေနေက စျာန်လင်းခေတ် ကို တော်တော်စွဲလမ်းနေသည့် အခြေနေဖြစ်နေလေသည်

အခုချိန် မှာ သူတို့ကြားမှာ ခွဲတဲ့ သူက တော့ မာန်ဝင့်ထည် အတွက် ဘယ်သူမဆို ရန်သူဖြစ်နိုင်သည့်အထိပင်

ဒီမနက်ကြားခဲ့ရတဲ့ ကိုဇိုင်း ဓားထိုးခံရသည့်ကိစ္စက သိပ်တော့မရိုးသားပေ
ဟိုနေ့ညက မာန်ဝင့်ထည် ပြောသွားသော စကားများတွင် ဇိုင်းသီဟရှိန် အားလက်တုန့်ပြန်မည့်အနေထားဖြင့် ကျိန်းဝါးထားတာကြောင့် သီရိနွယ်တစ်ယောက် ဒီအခြေနေကို အမှန်တိုင်း အန်တီ ဒေါခင်မြရီအား အသိပေးရမည်ဖြစ်သည်

မာန်ဝင့်ထည် ဆိုသော သူကိုချစ်နေသေးပေမဲ့
တခြားလူတွေကို ထိခိုက်ရအောင်လုပ်တဲ့ထိတော့ ဘေးကနေ လက်ပိုက်ကြည့်မနေနိုင်တာကြောင့် ကျူရှင်ဆင်းတာနှင့် စျာန်လင်းခေတ် တို့ခြံရှေ့တွင် စက်ဘီးကို အရှိန်သတ်လိုက်တော့

"သမီးနွယ်"

အပြင်သွားဖို့နှင့်တူပါတယ် ကားထွက်ဖို့ ခြံတံခါးလာဖွင့်သော အန်တီ ဒေါ်ခင်မြရီ က မိမိနာမည်အားတန်းခေါ်လိုက်လေသည်

"ဟုတ် အန်တီ အပြင်သွားကြမလို့လား"

"မောင်ဇိုင်းသတင်း သမီးလဲကြားတယ်မလား အဲ့တာ အခုဆေးရုံကိုလိုက်သွားမလို့လေ လောလောဆယ် သူ့မှာက ဆွေမျိုးသားချင်း လဲမရှိဘူးမလား"

"အန်တီ ဟို..ဟို လေ ကိုဇိုင်းဓားအထိုးခံရတာကို ရဲမတိုင်ဘူးလား"

ZARN [SEASON 1] (Completed)Where stories live. Discover now