Episode 32

2.8K 84 11
                                    

Episode 32

"စျာန်လင်းခေတ် ဟဲ့ နင်ထစမ်း"

မိမိကိုလာလှုပ်နှိုးသော အမေ ဖြစ်သူ ဒေါ်ခင်မြရီကြောင့် စျာန်လင်းခေတ် မျက်လုံးများကိုပွတ်ကာ

မျက်လုံးများကိုအားယူ၍ ဖွင့်လိုက်လေသည်

"နင် နင်"

*ဟုတ်သားပဲ ညက ညက ဟိုလူနဲ့*

စျာန်လင်းခေတ် ရင်ထိတ်သွားကာ ဘေးဘီကိုကြည့်မိတော့ ဟိုလူ့ကိုလဲမတွေ့ပါ

"နင်ကျူရှင်မသွားဘူးလား"

"ကျူရှင် အခုကဘယ်နနာရီလဲဟင်"

"၁၀နာရီထိုး နေပြီလေ ငါက နင်ကျူရှင်သွားနှင့်ပြီထင်လို့ မင်းချစ်သူ တို့လာခေါ်တာတောင် နင်သွားနှင့်ပြီဆိုပြီ ပြောလိုက်တာ ဘယ်လိုဖြစ်လို့ ဒီထဲမှာလာအိပ်နေတာလဲ သားရယ်"

အမေက တတွတ်တွတ်ပြောနေရင်း အခန်းထဲအားတံမြက်စည်းလှည်း ဖို့လုပ်နေကာ

"ဟို ဟို အာ့"

ဝမ်းဗိုက်အတွင်းက နာကျင်မှု ကိုခံစားရလေသည်ပြီးတော့ အောက်ပိုင်းတစ်ခုလုံးမှာ ကိုင်ရိုက်ထားသလိုလို နာကျင်လွန်းလှတာကြောင့်

"ဘာဖြစ်တာလဲ ဗိုက်အောင့်နေတာလား"

စျာန်လင်းခေတ် တစ်ယောက် ညက အဖြစ်ပျက်တွေက အိမ်မက်လား တကယ်လား ဝေခွဲမရအောင် ဖြစ်နေမိသည် အိမ်မက်သာဆို မိမိရဲ့ အောက်ပိုင်းတစ်ခုလုံးက ဘာလို့နာကျင်နေရတာလဲ

"ဘာမှမဖြစ်ပါဘူး မေမေ သား ဗိုက်အောင့်နေလို့"

"အေးအေး သွားနာချေ အမေဆရာ့ ကိုဖုန်းဆက်လိုက်မယ် ကြားလား နင့်စာအုပ်တွေပါ တစ်ခါတည်းကောက်သွားအုံး တော်ကြာပြီးမှ

မအေက ရှာပေးနေရဦးမယ်"

"ဟုတ်"

စျာန်လင်းခေတ် ထိုင်နေရာမှ ထကာ အိမ်ဘက်သို့လာနေရင်း မိမိ ဝတ်ထားတဲ့ ဝတ်စုံလေးအားကြည့်မိတော့ ရိုးရိုးအိမ်နေရင်း Shirt အင်္ကျီလေးပါ

မနေ့က ညအိပ်ဝတ်စုံအား မာန်ဝင့်ထည် ဆွဲဖြဲခဲ့တာလဲမှတ်မိလေသည်

ZARN [SEASON 1] (Completed)Where stories live. Discover now