Episode 5 [Part 2]

2.7K 83 1
                                    

"ဟောလာပါပြီ ဘယ်တွေသဝေထိုးနေတာတုန်း Khway ကောင် စျာန်လင်းခေတ်"

အတန်းထဲဝင်လိုက်သည်နှင့် မင်းချစ်သူရဲ့ ရန်တွေ့သံက  စီးကြိုလို့နေတော့သည်

"ငါတို့မှာတော့စောင့်လိုက်ရတာ လာနိုးလာနိုး နဲ့ မလာတော့ ထမင်းကြော်တောင်ဖော့ဘူးနဲ့ထုတ်ခဲ့ရတယ်"

မင်းချစ်သူတစ်ယောက်ပြောလဲပြောရင်း မျက်လုံးက စျာန်လင်းခေတ်ရဲ့ လက်သို့အကြည့်ရောက်သွားကာ

"ဟင် ဒါ ဘာဖြစ်တာလဲ ပက်တီးကြီးနဲ့"

အောင်စိုးပိုင်နဲ့ မင်းချစ်သူ စျာန်လင်းခေတ်အား
မျက်မှောင်ကြုံ့ကာ နှစ်ယောက်သားလာကြည့်တော့သည်

စျာန်လင်းခေတ်လဲ လက်ကိုနောက်မှာဖွက်လိုက်ကာ

"ချော် ချော်လဲတာ"

စျာန်လင်းခေတ်စကားများထစ်နေတာကြောင့် မင်းချစ်သူက ပို၍မယုံသင်္ကာဖြစ်လာကာ

"ဟုတ်လို့လား စျာန်လင်းခေတ်ရယ် ဧကန္တမင်းကိုတစ်ယောက်ယောက်လုပ်တာလား"

အောင်စိုးပိုင်လဲ မိမိတို့နှစ်ယောက်စကားကိုနားထောင်ရာကနေ ဝင်ပြောတော့သည်

"ဧကန္တ ဟိုကောင် စိုပြေမင်းခန့်ပဲလား"

စျာန်လင်းခေတ်လဲ မဖြစ်သင့်တာတွေဖြစ်မှာစိုးလို့

"မဟုတ်ပါဘူးကွာ စိုပြေ နဲ့က အနေသာကြီး
မင်းတို့ဆီလာတာကွာ ပုံမှန်လမ်းကမလာပဲ ကျောင်းကွင်းပြင် ဘက်က လာတော့ ချော်လဲတာ ဟိုနေ့ကမိုးရွာထားလို့ထင်တယ် အဲ့တာကြောင့်"

"မင်းကလဲမကြီးမငယ်နဲ့"

မိမိသူငယ်ချင်းနှစ်ယောက် သံသယတွေလျော့သွားတော့မှ စျာန်လင်းခေတ် အနောက်ဘက်သို့ကြည့်လိုက်မိတော့ ဟိုလူကသူ့နေရာတွင်ရှိမနေ ခနကသူ့ကိုတွန်းလိုက်တဲ့သူက သူ့အားကြည့်နေသည် ဘေးကတစ်ယောက်ကတော့ စျာန်လင်းခေတ်အား အနည်းငယ်ပြုံးပြနေသည်

"အော် ဒါနဲ့လေ စျာန် မင်းကိုပြောစရာရှိတယ်သိလား"

အောင်စိုးပိုင်က စာအုပ်ထုတ်နေရင်းစကားစလာသည် သူကပြောလဲပြောအနောက်ကိုလဲတချက်လှည့်ကြည့်လိုက်ကာ

ZARN [SEASON 1] (Completed)Where stories live. Discover now