Episode 10

2.5K 83 0
                                    

Episode 10

"ဟဲ့ အဲ့တာနွယ်မလား"
"ဒါနဲ့ သူရှေ့က စက်ဘီးနင်းလာတာ ဘယ်သူတုန်း"
"အကိုကြီးက ချောလိုက်တာ"
"နွယ်နဲ့ရည်းစားတွေလားမသိဘူးနော်"

ကျူရှင် က ကောင်မလေးတွေ ၅ ၆ယောက်ရယ် တစ်ချို့ကောင်လေးတွေက ကျူရှင်လာရာဘက် ဂုံးဆင်းရာကို ကြည့်ကာ စပ်စုနေကြသည်
စျာန်လင်းခေတ် ကတော့ Royal D ဗူးလေးကိုကိုင်ကာ ဒီနေ့ Chemistry  ဆရာမ မေးမဲ့ Definition
တွေကိုပြန်နွှေးနေသည်  ထိုလူအုပ်ထဲတွင် တီးတိုးပြောနေသော စကားသံများတွင် လူတစ်ယောက် နာမည်ကိုကြားလိုက်ရသည် ထိုသူက တစ်ခြားသူမဟုတ် " နွယ် " ပင်

"စျာန် စျာန်"

ကျူရှင်ခြံပေါက်ကနေ မိမိတို့ထိုင်နေသည့် ခုံတန်းသို့အပြေးလွှား ကပြာကယာနှင့်လာခေါ်သည့် မှာ အောင်စိုးပိုင်

"ငပိုင်ဘာဖြစ်လာတာလဲ"

မင်းချစ်သူက  ကပြာကယာနဲ့ပြေးလာတော့ အောင်စိုးပိုင် အားဘာဖြစ်နေလဲနားမလည်

"ဟို ဟို လေ မင်းရဲ့ နွယ် စျာန် ငါတို့ကျောင်းနောက်ဆုံးတန်းက ဘဲကြီးနဲ့အတူစက်ဘီးစီးလာတယ်ကွ"

"ဟုတ်လို့လားကွ"

အောင်စိုးပိုင် စကားကိုမင်းချစ်သူ နှင့်အတူ မယုံနိုင်သူဖြစ်နေသည်မှာ စျာန်လင်းခေတ် ပင်

စျာန်လင်းခေတ် စိတ်များပိုလေးလာသည်
တကယ်သာ သီရိနွယ် နဲ့ မာန်ဝင့်ထည် စက်ဘီးစီးသာမဖြစ်ပါစေနဲ့ဟုတ်ပဲဆုတောင်းမိသည်
စျာန်လင်းခေတ် ဒီကမ္ဘာပေါ်မှ မပတ်သတ်ချင်သောသူကို လက်ညိုးထိုးပြပါဆိုရင် မာန်ဝင့်ထည် ဆိုသောသူပင်
ထိုလူနဲ့ တွေ့တဲ့ နေ့ကစပြီး တစ်ရက်ကလေးတောင် မိမိအနေနဲ့ စိတ်ချမ်းသာ ခဲ့ခြင်းဆိုတာမရှိခဲ့  ဘာရန်ငြိုးမှ မရှိပဲ ဒီလောက်မုန်းနေတဲ့ မိမိကိုယ်ကို လဲအံ့သြမိသည်
ထိုလူကိုမြင်ရင်  မိမိပါးစပ် ထဲတွင် အရိုင်းစိုင်း စကားလုံးများအလိုလျောက်ထွက်လာတာကို ပိုအံ့သြမိသည်

စျာန်လင်းခေတ် စိတ်ထဲတွင် အတွေးများစွာဖြင့်

* ကျေးဇူးဖြစ်ပြီး ခဗျားမဖြစ်ပါစေနဲ့ မာန်ဝင့်ထည်  ကျေးဇူးပြုပြီး*

ZARN [SEASON 1] (Completed)Opowieści tętniące życiem. Odkryj je teraz