Episdoe 21

2K 83 24
                                    

Episode 21

" စျာန် နင်ဒီနေ့ကျူရှင်ပြန်ရင်သွားစရာရှိလားဟင်"

ဒီနေ့က တနင်္ဂနွေ နေ့ဖြစ်သည်မို့ ကျူရှင် အပြန်သွားစရာတော့မရှိပါ
ခနနေ ဆရာမ မေးမည့်စာများကို ပြန်နွှေးနေရင် သီရိနွယ်က လာမေးတာကြောင့်

"အင်းမရှိပါဘူး ဘာလို့လဲ"

" ဟို ဟိုလေ ငါ ဒီနေ့ညနေ လှော်ကားဥယျာဥ် သွားချင်လို့အဲ့တာလေ နင်တို့လိုက်ခဲ့ပါလားဟင်"

နွယ်က ဒီလိုသွားတာရှားပါသည်
ပြီးတော့လဲ လွန်ခဲ့သည်အပတ်ကမှ သာဓုကန်သွားထားသည်မလား

"ရုတ်တရက်ကြီး ဘာလို့လဲ အရေးကြီးလို့လား"

"အေးလေ နွယ် ချိန်းထားတာရှိလို့လား"

ဘေးနားက မင်းချစ်သူနဲ့အောင်စိုးပိုင်ကလဲ သီရိနွယ်ပြောမည့်စကားကို စိတ်ဝင်စားစွာနား‌ေထာင်နေဟန်ဖြင့်

"ငါ ချိန်းထားတာရှိလို့ ပြီးတော့လေ အဲ့လူကို နင်တို့နဲ့ မိတ်ဆက်ပေးချင်လို့"

သီရိနွယ်ပြောလိုက်တဲ့စကားကြောင့် စျာန်လင်းခေတ် စိတ်တော့နည်းနည်းအလိုမကျတော့ဖြစ်သွားပါသည်
ဘာပဲဖြစ်ဖြစ် သူ့သူငယ်ချင်းအသစ်တွေဘာတွေလဲ ဖြစ်နိုင်တာကြောင့်
"အေးပါ ကျူရှင်က ၂နာရီဆင်းမှာဆိုတော့ ပြီးတာနဲ့ တန်းသွားမယ်လေ"

"စျာန် မင်းသွားမှာပေါ့"

မင်းချစ်သူက မိမိဘက်ကြည့်ကား မေးလာသောကြောင့်

"အင်းသွားမယ်လေ နောက်ပိုင်းစာမေးပွဲ တွေနဲ့ဆို သွားဖြစ်မယ်မထင်ဘူး"

"စျာန် ဟီး ငါလဲလိုက်မယ်နော် ပြီးရင် လေ ကိုကြီးအားမာန်ကိုပါခေါ်လိုက်လို့ရလား"

မျက်နှာချိုသွေး ကာမေးလာသော အောင်စိုးပိုင် အား ဘာမှ မပြောချင်တော့ပါ
မာန်ဝင့်ထည် ပြောတဲ့စကားထဲကလိုပင် သူ့ဟာသူဘယ်သူနဲ့ပဲတွဲတွဲ သူငယ်ချင်းတွေက ဝင်ရောက်စွတ်ဖတ်ခွင့်မရှိတာမို့

"သဘောလေ ဒါပေမဲ့..."

"ဒါပေမဲ့ ဘာဖြစ်လဲ.."

စျာန်လင်းခေတ် ပြောမယ့်စကားအားရုတ်သိမ်းလိုက်ကာ

ZARN [SEASON 1] (Completed)Where stories live. Discover now